မင်းဟာ ကြိုးတန်းပေါ်မှာပါ

ပို့စ်တင်ချိန် - 12/27/2013 02:45:00 AM


###############
ဒီနေ့ ခေတ် လူငယ်တော်တော် များဟာ ကိုယ့်စွမ်းအားကို ထုတ်သုံးဖို့ ထက် သူများစွမ်းအားနဲ့ ကပ် သုံးချင်တဲ့သူတွေ များကြတယ်။
အများကြီး မကြည့်နဲ့ နိုင်ငံရေးလို ရှုပ်ထွေးတဲ့ လောကကြီးထဲမှာပဲ ကြည့်ပေါ့။

ကိုယ့်ဘ၀ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့  စိတ်ကူးမရှိကြဘူး၊ ကိုယ်ဘာတစ်ခုမှ နားမလည်တဲ့ လောကထဲကို ၀င်
ပြီး လက်တည့် စမ်းချင်ကြတယ်။ နိုင်ငံတော်အရေး ကောင်းစေချင်ရင် မိမိကိုယ်တိုင်က အရင် ကောင်းအောင် စီမံတတ်ရတယ်။

မိမိကိုယ်ကိုတောင်မှ မပြောင်းလဲနိုင်ပဲနဲ့  သူများကို သွားပြောင်းလဲပေးဖို့ လွန်စွာဝေးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု မရှိဘဲနဲ့  သူ
များကို ယုံကြည်တယ်ဆိုတာလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ။

ပိုက်ဆံတစ်ဆယ်ရထားတာကို တစ်ဆယ်ထဲပါကွာဆိုပြီး လွင့်ပစ်ကြတာများတယ်။ တစ်ရာဖြစ်အောင် ကျန်တဲ့ ပိုက်ဆံ ကိုးဆယ်ကို
ရှာဖို့ တော့ စိတ်ကူးရှိတဲ့သူ သိပ်နည်းတယ်။ ဒါဟာ အခြေခံ စိတ်ဓာတ်ပဲ။

လူတိုင်းမှာ ဖြစ်ချင်တာတွေတော့ ရှိတာပေါ့။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ရမယ်လို့  ဘ၀မှာ ပုံသေတွက်ထားလို့ မရဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်
အတွေးထဲမှာတောင် မဖြစ်နိုင်တာတွေ ရှိနေတယ်ဆိုရင် သူများအပေါ်ကို သွားမျှော်မှန်းတယ်ဆိုတာတော့ ဝေးလွန်းသွားပြီ။

ကိုယ့်စိတ်မှာ ဖြစ်နေတာတွေကို အရင်ဝေဖန်ကြည့် ဘယ်လောက်မှားနေလည်း၊ ဘယ်လောက် မှန်နေလည်း ပေါ့။ အဖြေထွက်လာပြီ
ဆိုမှ ကိုယ့်ပတ်ဝန်းကျင်ကို ဝေဖန်မှုလုပ် ဒါဟာ အမှားနည်းလိမ့်မယ်။

သုံးသပ်မှုတွေ အနောက်မှာ အတ္တတွေ၊ ပုဂ္ဂိုလ်စွဲတွေ ပါမလာစေနဲ့ ။ ဒါ သိပ် အရေးကြီးပါတယ်။ မိမိဘ၀ကို တည်ဆောက်တဲ့နေရာမှာ
လည်း အရေးကြီးသလို သူတစ်ပါးရဲ့ ဘ၀တွေကို တည်ဆောက်ပေးတဲ့ နေရာမှာလည်း အရေးကြီးတယ်ဆိုတာ မှတ်ထားပါ။

ဘ၀ဆိုတဲ့ ကြိုးတန်းပေါ် မိမိဟာ ခုချိန်မှာ လမ်းလျှောက်နေရတာပဲ။ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ ထက် ဘယ်အရာကမှ အရေးမကြီး
သေးဘူးဆိုတာ အရင်ဆုံး တွေထားပါ။

ကိုယ့်အခက်အခဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှ ကျန်တဲ့ အရာတွေ လုပ်နိုင်တော့မှာ ဖြစ်တယ်။ ဒါမှ ပြီးပြည့်စုံတဲ့ ရလာဒ်ကောင်း
တွေ ရှိလာမှာပေါ့။ တစ်ဦးတစ်ယောက်ချင်းကောင်းမှ တစ်တိုင်းပြည်လုံး ကောင်းလာမယ်ဆိုတာ မည်သည့်ခါမှ မေ့မထားသင့်ပါဘူး။

True Man
Myanmaalinn