မုံရွာ တက္ကသိုလ် ဆေးရုံအတွက် ဆရာဝန်အမြန်ချထားပေးရန်လိုအပ်

ပို့စ်တင်ချိန် - 12/27/2013 06:15:00 AM


=======================================
ကိုသစ္စာ
=======================================
မုံရွာ ။ ။ ယခုစာသင်နှစ်မှ စ၍ မုံရွာတက္ကသိုလ် အတွင်း ဆောင် များတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အား ပြန်လည် ထားရှိတော့ မည်ဖြစ်သောကြောင့် ဆောက် လုပ်ပြီးစီးပြီး ဖွင့်ရန် အဆင်သင့်ဖြစ်နေသော တက္ကသိုလ် ဆေးရုံတွင် တာဝန်ကျ ဆရာဝန်များ အမြန်ဆုံးချပေးရန် လိုအပ်နေကြောင်း ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော် ထွန်းက ပြောသည်။

''တိုင်းကျန်းမာရေးကိုတော့ တင်ပြထားတယ်။ သူက လဲ ပြည်ထောင်စု အဆင့် ကို တင်ထားတယ်ပြောတယ်။ အခု ကျောင်းသားတွေက ဒီလကုန်စပြီးထားတော့မှာဆို တော့ ကျန်းမာရေးစောင့်ရှောက်မှုက လိုလာပြီ။ ဆေးရုံ သုံးပစ္စည်းတွေကိုလဲ စူညေ ဆွဲပြီး အားလုံးတင်ထားတယ်'' ဟု မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ပြောသည်။

မုံရွာတက္ကသိုလ်ဆေးရုံမှာ ၁၉၉၄ခုနှစ်မှစ၍ နှစ် စဉ် ဘတ်ဂျက်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာ ယခုနှစ် ၂၀၁၃ခုနှစ်မှာ အားလုံးပြီးစီး ခဲ့ပြီး ၂၅ခုတင်ဆံ့ဆေးရုံဖြစ်ကြောင်း သိရသည်။


Mizzima Burmese