အာဆင်းနစ်နှင့် နှလုံးသွေးကြော ရောဂါများ ဆိုင်ရာ ဖြစ်ပွားမှု

ပို့စ်တင်ချိန် - 12/28/2013 06:15:00 AM


ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်ဝမ်ကျွန်း တို့မှ လေ့လာချက်များ အရ သောက်ရေ ထဲမှာ အာဆင်းနစ်ဓာတ် ပမာဏမြင့်မားစွာ (၁၀ဝ မိုက်ခရိုဂရမ်/လီတာနှင့် အထက်) ပါဝင်ပါက နှလုံးသွေးကြော ဆိုင်ရာ ရောဂါဖြစ်ပွား မှုလည်း မြင့် တက်လာနိုင်ကြောင်း တွေ့ခဲ့ ရပါတယ်။
အာဆင်းနစ် ပမာဏ အနည်းငယ်မှ သည် အလယ်အလတ် ပမာဏ (ဥပမာ ၁၀ မိုက်ခရိုဂရမ်/လီတာမှ ၁၀ဝ မိုက်ခရိုဂရမ်/လီတာကြား) အထိပါဝင်တဲ့ရေကို နေ့စဉ်သောက်ရပါက နှလုံး သွေးကြောဆိုင်ရာ ရောဂါတွေဖြစ် လာနိုင်ပါတယ်လို့ အသက် ၄၅နှစ်မှ ၇၄နှစ် ကြားရှိ အရွယ်ရောက်ပြီး သူပေါင်း ၃၅၇၆ ဦးအား လေ့လာစောင့်ကြည့် ထားတဲ့ စာရင်းဇယား အရတွေ့ရှိခဲ့ ပါတယ်။ ထိုသူများမှာ အရီဇိုးနား၊ အိုကလာဟိုးမား၊ တောင်နှင့်မြောက် ဒါကိုတာဒေသ များရှိ အမေရိကန် တိုင်းရင်းသားများ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်မှ ၁၉၉၁ ခုနှစ်အကြား ထိုသူများ၏ ဆီးနမူနာများကို အခြေခံပြီး အာဆင်းနစ် အမျိုးအစားကို ၂၀ဝ၀ပြည့်နှစ် အထိ စောင့်ကြည့်တိုင်းတာခဲ့ပါတယ်။ ထိုသူများအနက် ၁၂၀ဝ ဦးမှာ အသက်အ္တရာယ် သေစေလောက်သော သို့မဟုတ် အသက်အ္တရာယ်မရှိသော နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွား လာကြကြောင်းတွေ့ခဲ့ ရပါတယ်။
သုတေသီတို့ တိုင်းတာခဲ့သော အာဆင်းနစ် အမျိုးအစားများမှာ အင်အော်ဂဲနစ် အာဆင်းနစ်နှင့် မီသိုင်း ပါဝင်သော အာဆင်းနစ် အမျိုးအစားကို ပေါင်းပြီး လေ့လာခဲ့ခြင်းဖြစ် ပါတယ်။ ထိုသူများ၏ ဆီးထဲမှာ ပါဝင်တဲ့ အာဆင်းနစ် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ပမာဏ အကြား နှိုင်းယှဉ် လေ့လာကြည့်ရာ အချက်အလက်များစွာ အပေါ် ညှိနှိုင်းပြီးနောက် နှလုံးသွေးကြော ဆိုင်ရာရောဂါ၊ နှလုံးသွေးလွှတ်ကြော ရောဂါနှင့် လေဖြတ်ရောဂါ တို့၏ ဖြစ်နှုန်း အချိုးအစားမှာ ၁.၃၊ ၁.၃ နှင့် ၁.၅ ဖြစ်ကြောင်း တွေ့ရတယ်လို့ ဆိုတယ်။

health digest