နည်းပညာဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးတင်ပြနိုင်မည့် UCSY IT Camp ပွဲ ကျင်းပပြုလုပ် မည် အတွဲ (၁၅)၊ အမှတ် (၁)

ပို့စ်တင်ချိန် - 1/01/2014 11:15:00 PM


Mon, 12/30/2013 - 17:41
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပညာနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ဆရာ၊ ဆရာမများ နည်းပညာဆိုင်ရာ အကြောင်းအရာများကို လွတ်လပ်စွာ ဆွေးနွေးတင်ပြမည့် IT Camp ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (ရွှေပြည် သာမြို့နယ်) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

IT နည်းပညာဆိုင်ရာ သိကောင်းစရာများကို နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ပြီး ပြည်တွင်းရှိ Professional အိုင်တီပညာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများအကြား Link ပြုလုပ်ပေးနိုင်ရန်၊ မရှိသေးသည့် နည်းပညာဆိုင်ရာ အကြောင်းအရာများကို သိရှိနိုင်ရန်၊ သိရှိပြီး နည်းပညာဆိုင်ရာ အကြောင်းအရာများ ယနေ့တွင် မည်သို့မည်ပုံ တိုးတက်ပြောင်းလဲနေသည်ကို သိရှိနိုင်စေရန် ကျောင်းသား၊ ကျောင်းသူများအားလုံး Barcamp ပွဲ ပြုလုပ်သကဲ့သို့ လွတ်လပ်စွာ ဆွေးနွေးတင်ပြနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ IT Camp ပွဲသို့ မည်သူမဆို တက်ရောက်နိုင်ပြီး ပွဲတက်ရောက်နိုင်ရန်အတွက် Register ပြုလုပ်ရမှာဖြစ်ပြီး www.itcamp. linktoucsy.com တွင် Join ဟူသော Menu မှတစ်ဆင့်  Register ပြုလုပ်ရမည်ဖြစ်သည်။ Register ပြုလုပ်ပြီးပါက Mail ထဲတွင် Ticket ရရှိမှာဖြစ်သလို ထို Ticket ကို Download ပြုလုပ်ပြီး Print ထုတ်ယူလာရမည် ဖြစ်သည်။ လက်မှတ်မရှိသူများလည်း တက်ရောက်နိုင်ပြီး ပွဲမှအမှတ်တရပေးအပ်သည့် လက်ဆောင်များ၊ ကံစမ်းမဲများကို ပါဝင်ခံစားခွင့်ရှိမည်မဟုတ်ကြောင်းနှင့် ပွဲတက်လိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၉-၄၂၀၀၂၆၃၃၆ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။


ဝေဝေ
Internet Journal