ဒီဇင်ဘာ လွတ်ငြိမ်းချမ်သာခွင့် စစ်ကိုင်းတိုင်းအတွင်းမှ ဆယ်ဦးလွတ်

ပို့စ်တင်ချိန် - 1/01/2014 07:30:00 AM



မုံရွာ၊ မဇ္ဈိမ။ ။အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများကို ဒီဇင်ဘာ၃၁ရက်နေ့တွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုရာ စစ်ကိုင်းအတွင်းရှိ အကျဉ်းထောင်များမှ ၁၀ဦးလွတ်မြောက်လာကြောင်း စစ်ကိုင်းတိုင်း အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

လွတ်မြောက်လာသူများသည် ကသာ အကျဉ်းထောင်က (၃)ဦး၊ ခန္တီးအကျဉ်းထောင်မှ (၃)ဦး၊
ကလေးအကျဉ်းထောင်မှ (၃)ဦးနှင့် ရွှေဘိုအကျဉ်းထောင်မှ (၁) ဦး စုစုပေါင်း စစ်ကိုင်းတိုင်းအတွင်း (၁၀)ဦး လွတ်မြောက်လာခြင်းဖြစ်သည်။

ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲတွင် မတရားအသင်းဖြင့် ဆက်သွယ်သည့်ပုဒ်မ ၁၇(၁)ဖြင့် အကျဉ်းကျသူများ ပါဝင်နိုင်သည်ဟု စစ်ကိုင်းတိုင်း သတင်းရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

လွတ်မြောက်လာမည့် သူများနှင့်ပတ်သက်၍ သီးခြား သတင်းအတည်ပြုချက်များရရှိရန် တိုင်းအကျဉ်းဦးစီး ညွှန်ကြားရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းသတင်းသာ သိရှိရသေးပြီး တရားဝင် ကြေးနန်းတက်မလာ သေးကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

Mizzima Burmese