စစ်တွေတွင် စိတ်ကြွဆေးပြား ၂၀၀၀၀ ဖမ်းမိ

ပို့စ်တင်ချိန် - 1/01/2014 01:24:00 PM


ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အမှတ်(၄၇) မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (စစ်တွေ) ကနေ ဒီဇင်ဘာလ ၂၈ ရက်နေ့က စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နံနက် ၆ နာရီ ၄၅ အချိန်မှာ  စစ်တွေမြို့ အမြန်ရေယာဉ် ဆိပ်ကမ်းမှော စစ်တွေကနေ ဘူးသီးတောင်သို့ ရွှေနဒီ အမြန်ရေယာဉ်နဲ့ လိုက်ပါမယ့် ရသေ့တောင်မြို့နယ် လောင်းချောင်းကျေးရွာနေ အောင်ရန်သိန်းလတ်(၃၆) နှစ်ကို ရှာဖွေစစ်ဆေးရာ ၄င်းလွယ်ထားတဲ့  ကျောပိုးအိတ်အတွင်းက စိတ်ကြွ ရူးသွပ် ဆေးပြား ၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ထုတ်  မြန်မာ့အလင်း သတင်းစာမှာ ဖေါ်ပြ ထားပါတယ်။

ဖမ်းဆီးရမိတဲ့  စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ  စစ်တွေမြို့ ရွှေသဇင်ဟိုတယ်မှာ တည်းခိုနေထိုင်သူ ရန်ကုန်၊ ဗဟန်းမြို့နယ် ဆရာစံမြောက်/အနောက်ရပ်ကွက်နေ အေးမြင့်(၃၇)နှစ်မှ ပေးလိုက်တဲ့ ဆေးပြားတွေ ဖြစ်တယ်လို့ အောင်ရန်သိန်းလတ်က ထုတ်ဖေါ် ပြောဆိုတဲ့ အတွက် ရွှေသဇင် ဟိုတယ် အခန်းအမှတ် ၄၀၅ ကို ၀င်ရောက်ရှာဖွေရာ အေးမြင့်ကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးကို စစ်တွေနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
Burmesenews narinjara