အရွယ်ရောက်ပြီးသူတိုင်း အစာအိမ်အ၀ကျဉ်းခြင်း

ပို့စ်တင်ချိန် - 1/01/2014 11:14:00 AM


အရွယ်ရောက်ပြီးသူများတွင် အစာအိမ်အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Pyloric ကျဉ်းခြင်းဟာ ဖြစ်ပွားမှုနည်းပါးတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူအစိတ်အပိုင်းကြားက pyloric sphincter က ကြွက်သားတွေ ပုံမှန်မဟုတ်ဘဲ ထူထဲလာ ခြင်းကြောင့် ဖြစ်ပါတယ်။

အစာအိမ်ဝကျဉ်းခြင်းဟာ အစာခြေလမ်းကြောင်း ရောဂါတစ်ခုဖြစ်ပါတယ်။ အစာအိမ်အောက်ပိုင်း အ၀လေးကနေ အူတွေကို ဆက်ထားတဲ့နေရာမှာ ကြွက်သားတွေက ပုံမှန် မဟုတ်ဘဲ ထူလာတဲ့အတွက် အစာအိမ်ဝဟာ ကျဉ်းလာပြီး အစာတွေကလည်း အူသိမ်ကို မထွက်နိုင်ဘဲ ပိတ်ဆို့နေပါတယ်။ဒီပြဿနာဟာ လူကြီးတွေမှာ အဖြစ်နည်းပြီး ကလေးတွေမှာတော့ မွေးရာပါ ချို့ယွင်းမှုကြောင့် အဖြစ်များပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာတော့ အစာအိမ်အနာတွေကြောင့် အဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အစာအိမ်ကနေ အူအတွင်းကို အစာတွေခက်ခက်ခဲခဲ ဖြတ်သန်းရလို့ ဖြစ်ရတဲ့လက္ခဏာတွေ များပါတယ်။

အစာစားပြီး မကြာမီ တစ်ရှိန်ထိုးအန်ခြင်း၊ ဗိုက်အထက်ပိုင်းနေရာများ မကြာခဏ အောင့် ခြင်း၊ အစာနည်းနည်းပဲစားပြီး ပြည့်အင့်သွားခြင်း၊ အစာနည်းလာခြင်း၊ ကိုယ်အလေးချိန် ကျဆင်းလာခြင်း တွေကြောင့်ပဲ ဖြစ်ပါတယ်။ အသားဝါခြင်းနဲ့ကလည်း တွဲပြီးတွေ့ရပါတယ်။ အစာအိမ်ဝကျဉ်းခြင်းဟာ အစာအိမ် ကင်ဆာလူနာတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတစ် ရပ်လည်းဖြစ်ပါတယ်။

အစာအိမ်ဝကျဉ်းခြင်းကို ရောဂါအမည်တပ်ဖို့ကတော့ ရောဂါရာဇ၀င်ယူခြင်း၊ စမ်းသပ်ခြင်းတွေအပြင် အစာအိမ်မှန်ပြောင်းကြည့်ခြင်း တစ်ခါတစ်ရံ MRI, CT scan တွေလို အပ်လေ့ရှိပါတယ်။ ခွဲစိတ်ကုသမှု လုပ်ရတာများပါတယ်။
သက်ကို
Ref: medindia
Health Updates Journal