၂၀၁၃ ခုနှစ်၏ အလှဆုံးမိန်းမပျို Top 25 စာရင်းတွင် မိုးစက်ဝိုင်နှင့် ခင်ဝင့်ဝါ ပါဝင်

ပို့စ်တင်ချိန် - 1/01/2014 08:00:00 PM


ရန်ကုန်၊ မဇ္ဈိမ ။          ။ မြန်မာနိုင်ငံက အလှမယ် နှစ်ဦးဖြစ်သည့် ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်တို့ The Beauties Concept ၏ ကမ္ဘာ့ အချောအလှဆုံး အလှမယ် Top 25 စာရင်းဝင်အဖြစ် ထပ်မံ ရွေးချယ်ခြင်း ခံရသည်။

ယင်းတို့သည်The Beauties Concept ၏ ၂၀၁၃ခုနှစ်၏ အလှဆုံးမိန်းမပျို (The Most Beautiful Girl 2013) ၏ Top(100) စာရင်းတွင် ပါဝင်ခဲ့ပြီး ယခု အကြိမ်တွင် ထပ်မံရွေးချယ်ရာတွင် ၂၅ယောက်ဆန်ခါ တင်စာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။

မိုးစက်ဝိုင်သည် Miss Universe 2013 ကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး ခင်ဝင့်ဝါ သည် Miss Supranational 2013 ကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည်။

ယင်းအပြင်ခင်ဝင့်ဝါသည်The Ideal Beauty Website က ပြုလုပ်သည့် Most Beautiful Queen of 2013 Top (80) မှ Top 30 ထပ်မံ ရွေးချယ်ရာတွင် လည်းပါဝင်ခဲ့ပြီး  The Most Beautiful Woman ရွေးချယ်မှုတွင်လည်း ပါဝင်ခဲ့သည်။

ခင်ဝင့်ဝါသည် ကြော်ငြာများ၊ ဗီဒီယို ဇာတ်ကားများကို လက်ခံ ရိုက်ကူးနေပြီး  လက်ရှိတွင် ပရဟိတ အလှူ အဖြစ် ဒီဇင်ဘာ ၃၁ရက်က သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ စားစရာများကို သွားရောက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
Written by  ပန်းမြတ်ဇော်
Mizzima Burmese