ဘုတ်ပြင်းမြို့နယ်၊ ပင်လယ်ပြင် အတွင်း လှိုင်းကြီး၍ ““ငွေမိုးဖြူ””ကုန်တင်စက်လှေ ၀မ်းဗိုက်ပျဉ်ချပ်များ ကွဲပြီး ရေ၀င်နစ်မြုပ်

ပို့စ်တင်ချိန် - 1/01/2014 06:00:00 AM

၂၀၁၃ခုနှစ်၊ဒီဇင်ဘာလ၂၉ရက်နေ့နံနက်၃နာရီ၃၀မိနစ် အချိန် မြိတ်မြို့မှကော့သောင်းမြို့သို့ ထွက်ခွာ လာသည့် မြိတ်မြို့၊ ရွှေပြည်တန် ရပ်ကွက်နေဦးထွန်းပို(၆၈)နှစ် မောင်းနှင်ပြီးကျွန်းစုမြို့နယ်၊မရမ်းချောင်း ကျေးရွာနေ လှေထိုးသားဇင်ဖြိုးဦး(၁၈)နှစ်ပါ (၁၁)ဦး လိုက်ပါ လာသည့် အလျား ၁၂၀ပေ၊အနံ၂၂ပေ၊ရေစူး၁၁ပေ၊ HINO EK - 110 (၂)လုံးတပ် ““ငွေမိုးဖြူ”” အမည်ရှိသစ်သား ကိုယ်ထည် ကုန်တင်စက်လှေသည် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းနှင့် အလယ်မန် ကျွန်းကြား၊ ပင်လယ်ပြင် အရောက်၌ လှိုင်းကြီးသောကြောင့်လှေဝမ်း ဗိုက်ပျဉ်ချပ်များ ကွဲထွက်ကာ ရေ၀င်၍ နစ်မြုပ် သွားခဲ့သည်။



ထိုသို့ နစ်မြုပ်မှုကြောင့်  စက်လှေပေါ်တွင် တင်ဆောင် လာသော ဆင်ဘိလပ်မြေ၁၀၀၀အိတ်၊မြေသြဇာ၈၀၀အိတ်၊မုန့်၃၀၀ပါကင်၊ဆပ်ပြာမှုန့်၁၅၀ပါကင်၊အချိုရည်၁၅၀ပါကင်၊ငါးဖမ်းပိုက်၃၀၀ကီလို၊ကြိုး၂၀၀ကီလို၊ပလပ်စတစ်ခြင်း၂၀၀ကီလို၊LEO တံခါးရွက်၅၀ချပ်၊Food Carrier ၂၀၀၀လုံး၊ဖော့ပုံးတွဲ၁၅၀ကီလို၊စုစုပေါင်းကုန်တန်ချိန်(၁၄၀)၊ တန်ဘိုးငွေကျပ်သိန်း(၂၅၀)နှင့်စက်လှေ တန်ဘိုးငွေ ကျပ်သိန်း(၈၀၀)၊ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း(၁၀၅၀)ခန့်ပျက်စီးဆုံးရှုံး ခဲ့ကြောင်းနှင့် ပဲ့နင်းဦးထွန်းပိုနှင့် လှေသား(၁၁)ဦးတို့အားအနီးပတ်ဝန်းကျင်ရှိ““အောင်စိန်မြတ်-၃”” ကုန်တင် စက်လှေမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဖော်ကျူး အမြန်ရေယာဉ်(၇၇)ဖြင့် လိုက်ပါခဲ့ရာမြိတ်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်းသတင်း ရရှိသည်။

မြိတ်ပုလဲမြေ