ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျှင် ဘာဖြစ်တတ်သလဲ

ပို့စ်တင်ချိန် - 1/01/2014 02:08:00 PM


ညဘက် အိပ်စက်တဲ့ အခါမှာ အိပ်ပျော်လိုက် မပျော်လိုက် ဖြစ်တာဟာ မကောင်းတဲ့ လက္ခာပါပဲ။ ထို့ပြင် အိပ်စက် မှုတွေလည်း မှန်ကန်ဖို့ လိုပါတယ်။ ဆိုလိုတာက ဒီနေ့ ည ၁၀ နာရီအိပ်ပြီး နောက်နေ့ ည ၁ နာရီကို ပြောင်းအိပ်တာဟာ မကောင်းပါဘူး။ ညဘက်တွင် နှစ်ချိုက်စွာ အိပ်ပျော်ခြင်းဟာ လူတစ်ယောက် အတွက် များစွာသော အကျိုးကျေးဇူးများကို ရရှိကြောင်း သိရပါတယ်။

(၁) နှလုံးရောဂါ ရှိသူများအတွက် ကောင်းမွန်ခြင်း။

(၂) ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်ခြင်း။

(၃) စိုးရိမ်စိတ် (သို့) ကြောင့်ကြ စိတ်များကို ကင်းဝေးစေပါတယ်။

(၄) စိတ်ဓာတ် တက်ကြွစေခြင်း။

(၅) မှတ်ဥာဏ် ကောင်းမွန်စေခြင်း။

(၆) ဝိတ် မတက်ခြင်း။

(၇) ခန္ဒာကိုယ် ကြံ့ခိုင်စေခြင်း။

(၈) စိတ်ဓာတ်ကျမှုများကို ပြေပျောက်စေနိုင် ခြင်းတို့ပဲ ဖြစ်ပါတယ်။

By ကျော်လင်းနိုင် (Yoyarlay)