စီအိုင်အေ က သတင်းအမှားတွေ နှစ်ပေါင်းများစွာပေးဟု ၀ါရှင်တန်ပို့စ် အစီရင်ခံ

ပို့စ်တင်ချိန် - 4/02/2014 03:11:00 PM


စီအိုင်အေအဖွဲ့ဟာ အမေရိကန်အစိုးရနဲ့ ပြည်သူတွေကို နှစ်ပေါင်းများစွာ သတင်းအမှားတွေ ပေးခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်သတင်းက အစီရင်ခံပါတယ်။

စစ်ကြောရေးမှာ အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ တခြားကိစ္စတွေမှာ အသေးစိတ်တွေကို ဖုံးကွယ်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

အထက်လွှတ်တော် စုံးစမ်းရေးကော်မတီက စီအိုင်အေရဲ့ စစ်ကြောရေး အစီအစဉ်တွေကို စိစစ်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စီအိုင်အေရဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေကို “မျက်ကွယ်နေရာများ” “black sites” တွေဆိုပြီး ဖော်ပြခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာက ဆိုပါတယ်။

စီအိုင်အေရဲ့ လုပ်ငန်းတွေကို စိစစ်ထားတဲ့ ဆီးနိတ် ကော်မတီရဲ့ စာမျက်နှာ ၆၃၀၀ ပါတဲ့ အစီရင်ခံစာမူကြမ်းမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က စစ်ကြောရေးအစီအစဉ်ကို ဖော်ပြထားပါတယ်။

အကျဉ်းသားတွေကို ရက်စက်တဲ့နည်းတွေကို သုံးပြီး စစ်ကြောခဲ့တာတွေ ရှိတယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာက ဆိုပါတယ်။

စီအိုင်အေရဲ့ ပြောခွင့်ရသူကတော့ အစီရင်ခံစာအချောကို မဖတ်ရသေးဘူးလို့ ပြောပါတယ်။

တချို့ စီအိုင်အေအရာရှိတွေကလည်း လေ့လာမှုအတွင်းမှာ အချက်အလက်အမှားတွေကို အခြေခံခဲ့ပြီး မှားယွင်းတဲ့ကောက်ချက်တွေလို့ ဝေဖန်ကြတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။

DVB Burmese