သံင်္ဃာတော်(၁)ပါး လမ်းဘေးအုတ်ပုံဝင်တိုက် သေဆံုး

ပို့စ်တင်ချိန် - 4/02/2014 02:57:00 PM


ပဲခူးမြို့နယ်၊အမှတ်(၃)နယ်မြေရဲစခန်းအပိုင် ဥဿာမြို့သစ်၊အမှတ်(၈)ရပ်ကွက်၊ရန်ကန်-မန္တလေး ကားလမ်း
မိုင်တိုင် အမှတ်(၄၅/၁)နျင့်(၄၅/၂)အကြား ရွှေရှမ်းလေး စားသောက်ဆိုင်ရှေ့ အုတ်ပုံတွင်(၁.၁.၂၀၁၄)နေ့
နံနက် (၆း၁၅)အချိန်ခန့်က ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ဦးတည် ၍ ရွှေရှမ်းလေးစားသောက်ဆိုင် ရှေ့ အုတ်ပုံတွင် လည်ပင်း၌ ပုတီးစွဲလျှက် သင်္ကန်းဝတ်ဖြင့် (အမည်/အသက်/(ဘ)/နေရပ်-စိစစ်ဆဲ) သံ ဃာတော် (၁)ပါးမှ နံပါတ်ပြားမပါ ယိုးဒယားDream 125 အမျိုးအစား၊ အနီရောင်၊စိစစ်ဆဲ၊ ဆိုင်ကယ်အား ခွလျှက်ဖြင့် လဲကျကာ ဦးခေါင်းငယ်ထိပ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ခန္ဓာကိုယ်အေးစက်တောင့်တင်းနေသည့်လက္ခဏာဖြင့် သေဆုံးနေပြီးဆိုင်ကယ်မှာ
ရှေ့ဖောက်ကျိုး၊ဆိုင်ကယ်ခေါင်းခွံကြေမွ၊၀ဲ/ယာဒူးကာကွဲ၊တန်ဖိုးငွေ(၅၀၀၀၀ိ/-)ကျပ်ခန့်ဆုံးရှုံးခဲ့ပြီး လူသေဆုံးသည်အထိ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သံင်္ဃာတော်အား အရေးယူပေးပါရန် ဒုရဲအုပ်
အောင်မြင့် မှတရားလိုပြုတိုင်တန်းသဖြင့် ပဲခူး။အမှတ်(၃) နယ်မြေရဲစခန်းမှယာဉ်(ပ)၁၉/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄-က (ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်၍ လူအားသေဆံုးစေခြင်း) အရ အမှုအဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်
သန့်ဇင်မှကူးယူသည်။

ဓာတ်ပုံ - Ye Htay Win