MH370 နောက်ဆုံးပြောဆိုမှု မှတ်တမ်း အပြည့်အစုံကို မလေးရှားထုတ်ပြန်

ပို့စ်တင်ချိန် - 4/02/2014 10:00:00 AM


မလေးရှားလေယာဉ် ​ရေဒါပေါ်က ​မပျောက်ဆုံးခင် အချိန်အထိ ​မြေပြင်နဲ့ ​ပြောဆိုမှု လုပ်ခဲ့တဲ့ ​ဆက်သွယ် ရေး ​မှတ်တမ်း ​အပြည့်အစုံကို ​မလေးရှား ​အာဏာပိုင်တွေက ​ထုတ်ပြန် ပေးလိုက်ပါတယ်။

အဲဒီမှတ်တမ်းတွေထဲမှာ ​မသင်္ကာဖွယ်ရာ ​အကြောင်းအရာ ​တခုမှ ​မပါဘူးလို့ ​ဆိုပါတယ်။

မလေးရှားလေယာဉ်ပျောက်ကို ​ရှာဖွေနေတာဟာ ​အခုဆိုရင် ​ရက်သတ္တပတ် ​၃ ​ပတ် ​ကျော်ရှိလာပြီး ​သီတင်းပတ် ​များစွာ ​ကြာရှိနိုင်ကြောင်း ​လေတပ် ​အကြီးအကဲ ​Angus ​Houston ​က ​ဆိုပါတယ်။

ဂြိုလ်တုကနေရရှိခဲ့တဲ့ ​သတင်းအချက်အလက်တွေကို ​ကိုးကားပြီး ​မလေးရှား ​ခရီးသည်တင် ​လေယာဉ်ဟာ ​အိန္ဒိယ ​သမုဒ္ဒရာ ​တောင်ပိုင်းမှာ ​ပျက်ကျသွားခဲ့တာလို့ ​မလေးရှား ​အာဏာပိုင်တွေက ​ထုတ်ပြန်ကြေညာခဲ့တာလည်း ​ဖြစ်ပါတယ်။


ဆက်စပ်သတင်း

မလေးရှားဝန်ကြီးချုပ်သြစတြေးလျကိုလာရောက်မယ်

ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ် ​ရှာဖွေမှုရဲ့ ​နောက်ဆုံး ​အခြေအနေကို ​သိရဖို့အတွက် ​မလေးရှားဝန်ကြီးချုပ် ​နာဂျစ်ဘ် ​ရာဇတ်ဟာ ​သြစတြေးလျနိုင်ငံ ​ပတ်သ် ​မြို့ကို ​ဒီကနေ့ ​နှောင်းပိုင်းမှာ ​ရောက်ရှိလာမှာ ​ဖြစ်ပါတယ်။

ပက်သ်မြို့ရဲ့ ​အနောက်ဘက် ​စတုရန်းမိုင် ​၇၅ ​မိုင် ​နီးပါး ​အကျယ်အ၀န်းအတွင်းမှာ ​မလေးရှားလေယာဉ်ရဲ့ ​အစိတ်အပိုင်းတွေကို ​ရှာဖွေနေကြတာလည်း ​ဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟာ ​သြစတြေးလျဝန်ကြီးချုပ် ​တိုနီအာဘော့တ်၊ ​ကာကွယ်ရေး ​ဦးစီးချုပ်ဟောင်း ​Angus ​Houston ​တို့နဲ့အတူ ​Pearce ​လေဆိပ်ကို ​မနက်ဖြန်မှာ ​သွားရောက်လည်ပတ်ဖို့ ​ရှိပါတယ်။

ကာကွယ်ရေး ​ဦးစီးချုပ်ဟောင်း ​အခု ​လေတပ် ​အကြီးအကဲဖြစ်သူ ​Angus ​Houston ​ဟာ ​နိုင်ငံတကာပါဝင်တဲ့ ​ပူးပေါင်းရှာဖွေမှုနဲ့ ​ပြန်လည် ​ကယ်ဆယ်ရေး ​လုပ်ငန်းတွေကို ​ကြီးကြပ် ​ဆောင်ရွက်နေသူဖြစ်ပြီး ​အခုရှာဖွေမှုဟာ ​သူ့ရဲ့ ​လုပ်သက်တလျှောက် ​အခက်ခဲဆုံး ​ဖြစ်ကြောင်း ​ပြောဆိုခဲ့ပါတယ်။

By Paul Donoughue
ABC Radio Australia