ရေစိုအ၀တ် ၀တ်လျက်ဖြင့် မီးချောင်းတပ်ဆင်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 4/02/2014 06:29:00 PM


ရန်ကုန်၊ ဧပြီ ၂

၂.၄.၂၀၁၄ရက်နေ့ ၀၁၄၅အချိန်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်
များသည် ကြည့်မြင့်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ မြသီတာငါးဒိုင်တွင် အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုမင်းမင်း(ခ)ကိုလူအေး၊ (၃၀)နှစ်၊
(ဘ)ဦးသိန်းမြင့်၊ (၇၂)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူ
ဖြစ်ပြီး ရင်ဘတ်တွင် အပူလောင်ဒဏ်ရာ (၂)ချက်ရရှိထားသည်ကို တွေ့ရှိ
ရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၀၁၃၀ အချိန်ခန့်က ကြည့်မြင့်တိုင်
မြို့နယ်၊ နတ်စင်လမ်းရှိ မြသီတာ ငါးဒိုင်၌ ရေစိုနေသည့်အ၀တ်အစားကို
ဝတ်ဆင်ထားလျက်ဖြင့် လျှပ်စစ်မီးချောင်းတပ်ဆင်ရာမှ ဓါတ်လိုက်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကြည့်မြင်တိုင်မြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၃/၂၀၁၄)ဖြင့် ရေးဖွင့်ပြီး စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police