မေတ္တာ ဆိုတဲ့တရားဟာ ဘာဝနာတရား

ပို့စ်တင်ချိန် - 4/02/2014 02:23:00 PM



မေတ္တာလို့ ဆိုတဲ့ တရားဟာ ရွတ်ဖတ်ရမယ့် တရားမဟုတ်ဘူး။ ပွားများရမယ့်တရားဖြစ်တယ်။ မေတ္တာဟာ ကမ္မဋ္ဌာန်းပဲ။ များသောအားဖြင့် ၀ိပဿနာတရားအားထုတ်မှ ကမ္မဋ္ဌာန်းလို့ ယူဆနေကြတယ်။ မေတ္တာပို့ နေတာဟာလည်း ကမ္မဋ္ဌာန်းပဲပေါ့။ သမထကမ္မဋ္ဌာန်းထဲမှာပါတယ်။ ဒါကြောင့် မေတ္တသုတ်နဲ့ ပတ်သတ်လာလို့ ရှိရင် ရွတ်ရမှာသက်သက် မဟုတ်ဘူး။ နာရမှာ သက်သက်မဟုတ်ဘူး။

မေတ္တသုတ်ကို နေ့ စဉ်ရွတ်ဖတ်လို့ ရှိရင် အန္တရာယ်တွေကင်းတယ်။ နာရင် အန္တရာယ်တွေကင်းတယ်လို့ ဒီမေတ္တသုတ်ထဲမှာ ပြဆိုထားတဲ့စကားတစ်လုံးမှမပါဘူး။ သို့ သော် အများက အဲဒီအတိုင်းပဲ ယုံကြည်နေကြတယ်။

မိုးကုတ်ဆရာတော်ကြီးပြောတဲ့စကားလုံးနဲ့ ပြောရမယ်ဆိုလို့ ရှိရင် “တို့ လူတွေက သောက်ဆေးကို လိမ်းဆေး လုပ်နေကြတယ်” ပေါ့။ သောက်ရမှာကို မသောက်ဘဲနဲ့ လိမ်းဆေးအဖြစ် အသုံးပြုနေလို့ ရှိရင် အကျိုးသက်ရောက်မှုအားနည်းမှာပေါ့နော်။ သောက်ရမယ့်ဆေးက သောက်ကိုသောက်မှ အကျိုးသက်ရောက်မှုဖြစ်မှာပေါ့။

ဒါကြောင့် မေတ္တာ ဆိုတာ ဘာဝနာတရားဖြစ်လို့ ပွားများကြရမယ်။

Dhamma Dãna Source