အရှိန်မထိန်းဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများဝင်တိုက်

ပို့စ်တင်ချိန် - 3/17/2014 12:53:00 AM


နေပြည်တော်၊ မတ် ၁၆

၂၀၁၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၆/၅-၆)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေ ကျော်သူ(၂၅)နှစ် မောင်းနှင်လာသော ၁င/xxxx တိုယိုတာကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများအားဝင်ရောက်တိုက်မိပြီး လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ကျော်သူတွင် ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မိတ္ထီလာမြို့နေ ဇေယျာဝင်း(၃၁)နှစ်တွင် ယာခြေဖမိုးဖူးရောင်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၁င/xxxxယာဉ်မှာ ၀ဲ/ယာရှေ့ဘီးပေါက်/ ရှေ့လေကာမှန်ကွဲ/ခေါင်းပိုင်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်သူအား ပြင်စည်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်