Rubik’s Cube ကို ၃ ဒဿမ ၂၅၃ စက္ကန့်နဲ့ ဖြေရှင်းပြီး ဂင်းနစ်စံချိန်သစ်တင်

ပို့စ်တင်ချိန် - 3/17/2014 07:23:00 PM


စက်ရုပ်တစ်ခုဟာ Rubik’s Cubeကို  ၃ ဒဿမ ၂၅၃ စက္ကန့်နဲ့ ဖြေရှင်းပြီး ဂင်းနစ်စံချိန်သစ် တင်သွားခဲ့ပါတယ်။ ဒီစက်ရုပ်ကို Cubestormer 3 လို့ နာမည်ပေးထားပါတယ်။ ဗြိတိန်၊ Brimingham မြို့က Nippon လျှပ်စစ် ကုမ္ပဏီမှာ ကျင်းပခဲ့တဲ့ Big Bang ကုန်စည်ပြပွဲမှာ လာရောက်ကြည့်ရှုခဲ့ကြသူတွေဟာ ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြပါတယ်။

အရင် Cubestormer 2 က ချိုးထားတဲ့ စံချိန်ဟာ ၅ ဒဿမ ၂၇ စက္ကန့်ဖြစ်ပြီး အဲ့ဒီ့ စံချိန်ကို ထပ်ချိုးနိုင်ခဲ့တာပါ။

၂၀၁၁ခုနှစ် သြစတြေးလျ Swinburne နည်းပညာတက္ကသိုလ်ရဲ့ စံချိန်ကတော့ ၁၀ ဒဿမ ၆၉စက္ကန့်ပါ။

Cubestormer 3ကို ၁၈လ တည်ဆောက်ခဲ့ရတာဖြစ်ပြီး ARMMobile နည်းပညာကုမ္ပဏီနဲ့တွဲလုပ်နေတဲ့ အင်ဂျင်နီယာ တွဲဖက်ဒီဇိုင်နာ David Gilday နဲ့ Mike Dabson တို့က တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref:dailymail.co.uk
Trend Myanmar