လေယာဉ် ပျောက်ဆုံး မှု ကြာလာသည် နှင့် အမျှ မလေးရှား လေကြောင်း လိုင်း ဘဏ္ဍာရေး ထိခိုက်လာ

ပို့စ်တင်ချိန် - 3/17/2014 08:24:00 PM


MH370 လေယာဉ် ပျောက်ဆုံး နေသည် မှာ တစ်ပတ် ကျော် သွားပြီ ဖြစ်ရာ အချိန်ကြာ လာသည် နှင့် အမျှ မလေးရှား လေကြောင်း လိုင်း (Malaysia Airlines) ၏ ဘဏ္ဍာရေး ကိုလည်း ထိုးနှက်ချက် ဖြစ် လာခဲ့ ကြောင်း သိရသည်။ မလေးရှား လေကြောင်း လိုင်း လေယာဉ် လက်မှတ် ၀ယ်ယူမှု များ လည်း ကျဆင်း လျက် ရှိကြောင်း သိရသည်။
ဒေသတွင်း ဘတ်ဂျတ်လေကြောင်း လိုင်းများ တိုးလာ ခြင်းကြောင့် ခရီးသည် ရရှိ ရေး အပြင်းအထန် ယှဉ်ပြိုင် နေရချိန်တွင် လေယာဉ်ပျောက်ဆုံးမှု ပြဿနာသည် မလေး ရှားလေကြောင်းလိုင်းကို ပို၍ ဘေးကျပ် နံ ကျပ်ဖြစ်စေလျက်ရှိသည်။ လူ ၂၃၉ ဦးပါ သောြံ၃၇၀ လေယာဉ်သည် ရေဒါ မြင်ကွင်း မှ ပျောက် ကွယ်သွားပြီး နောက် လမ်းကြောင်း ပြောင်းကာ နောက်ထပ် ၇ နာရီကြာအောင် ဆက်ပျံသန်းခဲ့သည်ဟု ကောက်ချက် ချထား ကြောင်းဖြင့် စနေနေ့ သတင်းစာရှင်းလင်းပွဲ တွင် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇတ်က ထုတ်ပြန် ပြောကြား သည်။ လေယာဉ် ပြန်ပေးဆွဲ ခံရတာလား၊ လေကြောင်းလိုင်း လုံခြုံရေးညံ့ဖျင်းတာ ကြောင့် ဖြစ်တာလားဆိုပြီး လူတွေ သို့လော သို့လော ဖြစ်နေရတယ်။ အကျိုးဆက်အဖြစ် ရင်းနှီးမြှုပ်နှံသူတွေ လေကြောင်းလိုင်းမှာ မြှုပ်နှံဖို့ စဉ်းစားကုန်ကြတယ်”” ဟု မလေးရှား ဟောင်လုံ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ဈေးကွက် သုတေသနပညာရှင် ဒယ် နီယယ် ၀မ်က ပြော သည်။မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ပျောက် သွားကာ လမ်းကြောင်းသွေဖီပျံသန်းမှုတွင် လေယာဉ်မှူး တစ်ဦး သို့မဟုတ် နှစ်ဦးလုံးနှင့် ပတ်သက်နေနိုင်သည်ဟု ၀န်ကြီးချုပ် နာဂျစ် က ထည့်သွင်း ပြော ကြား ခဲ့မှုကြောင့်လည်း လေကြောင်းလိုင်းအတွက် ပိုပြင်းထန်သော ထိုးနှက်ချက်ဖြစ်ခဲ့သည်။

၂၀၁၃ တစ်နှစ်တာအတွင်း ရင်းဂစ် သန်း ၁၁၇၀ (ဒေါ်လာ သန်း ၃၆၀) အရှုံးပေါ် ခဲ့ကြောင်း ပြီးခဲ့ သည့် လက မလေးရှားလေ ကြောင်းလိုင်းက ထုတ်ပြန် ကြေညာ ခဲ့သည်။ ၂၀၁၁ ခုနှစ် တွင် ရင်းဂစ် သန်း ၂၅၀၀ ၊ ၂၀၁၂ ခုနှစ်တွင် ရင်းဂစ် ၄၃၃ သန်း အရှုံး ပေါ် ခဲ့သည်။ ၂၀၁၀ ခုနှစ် တွင် ရင်းဂစ် ၂၃၇ သန်း အမြတ်ရ ခဲ့ပြီး နောက်ပိုင်း တောက်လျှောက် အရှုံးပေါ် ခဲ့ခြင်း ဖြစ်သည်။ မလေးရှား လေကြောင်းလိုင်းကို မလေးရှားနိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်ုး့ဖေညေေ့ျြေငသညေူ က ၇၀ ရာခိုင်နှုန်းထိ ပိုင် ဆိုင် ထားသည်။ ဒေသတွင်း ဈေးသက် သာသော ဘတ်ဂျတ်လေကြောင်းလိုင်းများ တိုးပွားလာခြင်း၊ လေကြောင်းလိုင်း၏ စီမံခန့် ခွဲမှု ညံ့ဖျင်း ခြင်း၊ အ စိုးရ လက်တံများ ၀င် ရောက်စွက်ဖက်ခြင်း၊ လုပ်ငန်းယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းသော လေကြောင်းလိုင်းဖြစ်လာ အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာ တွင် အပြောင်းအလဲကို ဆန့်ကျင်သော လုပ်သား သမဂ္ဂများ ၏ ဖိ အား ကြီးမားခြင်း တို့ကြောင့် လေကြောင်း လိုင်း သည် ငွေကြေး အ ရ အမြတ် အစွန်းရရှိရန် ခက်ခဲလျက်ရှိနေ သည်။ ပျောက်ဆုံးနေသော MH370 လေယာဉ် သည် Boeing 777-200ER လေယာဉ် အမျိုး အစားဖြစ်ပြီး ဒေါ် လာ ၂၆၁ ဒသမ ၅ သန်း တန်ဖိုးရှိကြောင်း သိရသည်။

Source: AFP
Messenger News Journal