MH370 ကို အင်အားသုံး ရှာနေသော်လည်း မတွေ့နိုင်သေး

ပို့စ်တင်ချိန် - 3/17/2014 04:29:00 PM


ပျောက်ဆုံးနေတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် MH370 ကို ရှာဖွေ လျက် ရှိပြီး ယနေ့တိုင် မတွေ့ရသေး ပါဘူး။

ရှာဖွေမှုအတွက် ပါဝင်တဲ့ ကယ်ဆယ်ရေး စစ်အင်အားမှာ မလေးရှားက အများဆုံး ဖြစ်ပြီး တရုတ်က ဒုတိယ လိုက်နေတာကို မြင်တွေ့ ရမှာ ဖြစ်ပါ တယ်။ လေယာဉ်မှာ တရုတ်နိုင်ငံသား ခရီးသည် ၁၅၃ ဦး ပါဝင်ပြီး အများ ဆုံး ပါဝင်တဲ့ နိုင်ငံသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂြိုလ်တု ၁၀ လုံးတောင် အသုံးပြု ထားပါတယ်။

သို့ပေမယ့် လက်ရှိ အချိန်အထိ ဘာအစအနမှ မရသေး ပါဘူး။ ထိုင်းကမ်းမြောင် ဒေသ၊  တောင်တရုတ် ပင်လယ် နဲ့ မလက္ကာ ရေလက်ကြား တို့မှာ ရှာဖွေလျက် ရှိနေဆဲ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: cnnews
International news for Myanmar