နှစ်ပေါင်း ၂၀ ကျော်စစ်အစိုးရလက်ထက်မှာ ဖျက်စီးခဲ့လို့ ပျက်ဆီးသွားပြီ

ပို့စ်တင်ချိန် - 3/17/2014 03:05:00 PM


မတ်လ (၁၄) ရက်နေ့က ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် ရှိအချစ်သစ်ပင်မြက်ခင်းပြင်၌  အပြည်ပြည်ဆိုင်ရာမြစ်များနေ့ အခမ်းအနားကိုနိုင်ငံရေးအကျဉ်း သားဟောင်းများအင်အားစုကော် မတီကဦးစီးကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် လူသားကမ္ဘာ၌မြစ်များ၏ အရေး ကြီးပုံကိုဆရာဦးအုန်း၊ ဆရာ ဦးထွန်းလွင်၊ ဆရာဦးချိုချို၊ ဆရာ မဒေါ်ဒေ၀ီသန့်စင်၊ ဆရာဦးဝင်း မျိုးသူနှင့် ဆရာဦးစိုးသူရထွန်းတို့ ကဟောပြောခဲ့ကြသည်။
“ဧရာဝတီမြစ်က အခုလော  လောဆယ်မှာတောင် အခြေအနေ   မကောင်းဘူး။ မကောင်းတဲ့ အခြေအနေအပေါ်မှာ ထိန်းချုပ်  တာတွေလုပ်မယ်ဆိုရင်မြစ်ဝကျွန်း  ပေါ်နဲ့ နှစ်ပိုင်းပြတ်ထွက်သွားမှာ ပဲ။ နိုင်ငံတကာမှာလည်း ဒီလိုတွေ  ဖြစ်နေတာကို မြင်နေရတာပဲ။ ဧရာဝတီကိုမှီခိုနေတဲ့ မြန်မာပြည်  လူဦးရေကနည်းမှမနည်းတာ။ ဧရာဝတီကမြန်မာနိုင်ငံဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းရှိတယ်။ မြစ်ဆုံပြီး ရင် ဒုတိယအန္တရာယ်အကြီးမြစ် ကသံလွင်မြစ်ပေါ့”ဟု မိုးလေ၀သ  ပညာရှင်ဆရာဦးထွန်းလွင်ကအဆို ပါအခမ်းအနားတွင်ပြောကြား သည်။
“မြစ်တွေကြောင့် လူတွေ အသက်ရှင်နေရတယ်ဆိုတာငြင်း မရပါဘူး။ မြစ်တွေရဲ့ ကျေးဇူး တရားကို လူတိုင်းသိကြပါစို့ပြော ချင်တယ်။ နှစ်ပေါင်း ၅၀ ကျော် စစ်အစိုးရလက်ထက်မှာ ဖျက်ဆီး ခဲ့လို့ ပျက်စီးသွားပြီ။ ဒါကိုကုစား  တဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ကုစားလို့မရဘူး။ မြစ်ဆုံကိစ်္စကို   ဦးသိန်းစိန်အစိုးရကရပ်သင့်တယ်  ထင်ပြီး ယာယီရပ်ဆိုင်းထားတယ်။  အပြီးရပ်ဆိုင်းဖို့အတွက် သူ့မှာ လည်း အားတွေလိုလိမ့်မယ်။ ဧရာဝတီမြစ်ဆုံကိစ္စအပြည့်အ၀ ရပ်ဆိုင်းဖို့အတွက် ပြည်သူ့အား ကိုပြမှာပါ”ဟု နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်ဦးဆောင်  အဖွဲ့ဝင်ဦးမြင့်ဝင်းမောင်ကဆိုသည်။
ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည့်ပြေတီဦးကလည်း “ကျွန်တော်တို့တိုင်းရင်းသားပြည် သူတွေအားလုံးဆန်္ဒရှိနေတဲ့အတိုင်း  ဒီစီမံကိန်းကြီးအပြီးတိုင်ရပ်ဆိုင်း သွားမယ့်နေ့ကို ကျွန်တော်တို့ လည်း ပြည်သူတွေနဲ့ ထပ်တူမျှော်  လင့်ပြီးတော့ စောင့်စားနေပါ တယ်။ အမှန်ကို အမှန်အတိုင်း မသိခဲ့ရတဲ့အချိန်တွေက အကြာ ကြီးပဲ။ အမှန်ကို အမှန်တိုင်းပဲသိ ချင်ပါတယ်”ဟု ပြောသည်။ မြစ်ဆုံ  စီမံကိန်းဆက်လက်လုပ်ဆောင်ပါ က စီမံကိန်းနှင့် မလွတ်ကင်းသည်  ဒေသခံရွာပေါင်း ၆၁ ရွာထပ်မံ ပြောင်းရွေ့ရမည်ဖြစ်ပြီး ယင်း ၆၁ ရွာအထဲမှ တန်ဖဲ၊ မဇွပ်၊ ပဒါန်၊ ဒေါင်ပန်၊ ဒိန်ဂါဇွပ်နှင့် အောင်ဂျာ ယာဉ်ရွာများကို ၂၀၁၁ ခုနှစ် တွင် အောင်မြင်သာစံပြကျေးရွာနှင့် မလိယာဉ်စံပြကျေးရွာများသို့ ပြောင်းရွေ့ထားပြီးဖြစ်သည်ဟု သိရသည်။        

အာကာဗိုလ်
Hot News Journal