ကမာရွတ်မြို့နယ်တွင် လျှပ်စစ်မီးဖိုဖြင့် ဟင်းချက်ရာမှ မီးလောင်မှုဖြစ်

ပို့စ်တင်ချိန် - 3/16/2014 01:21:00 PM


ရန်ကုန်၊ မတ် ၁၆

၁၅.၃.၂၀၁၄ရက်နေ့ ၁၇၄၂အချိန် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ မင်္ဂလာလမ်းနေ ဒေါ်ခမ်းမှုံ၊(ဘ)ဦးဆွေငြိမ်းရွက်သည်နေအိမ်တိုက်ခန်းတွင် Digital လျှပ်စစ်မီးဖိုဖြင့် ဟင်းချက်စဉ် အပူလွန်ကဲကာ မီးလောင်မှု
ဖြစ်ပွားခဲ့ရာမီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၇၄၇အချိန်တွင် မီးငြိမ်းသွား ခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် Digital လျှပ်စစ်မီးဖိုနှင့် ဒန်အိုး (၁)လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သောကြောင့် မီးပေါ့ဆစွာသုံးစွဲသူ
ဒေါ်ခမ်းမှုံအား ကမာရွတ်မြို့မရဲစခန်း(ပ)၁၁၂/၂၀၁၄၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police