သီတဂူဆရာတော် ဒေါက်တာ ရှင်ဥာဏိသာရ၏ မွေးနေ့ပွဲ ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်တက်ရောက်

ပို့စ်တင်ချိန် - 3/16/2014 11:43:00 AM


သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ မတ် ၁၆
စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓသာသနာပြုတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ ရှင်ဥာဏိသရ၏ (၇၇)နှစ်မြောက် မွေးနေ့မင်္ဂ လာသဘင်အား ယခုလ ၁၅ ရက်နေ့မနက် ၉ နာရီအချိန်က သီတဂူ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာသဘင်တွင် ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေတို့နှင့် အတူလိုက်ပါလာခဲ့သည့် လူ(၇)ဦးတို့မှ ဆရာတော်ကြီးအား တက်ရောက်ဖူးမျှော်ခဲ့သည်။ ထို့နောက် ညနေ ၄ နာရီခွဲတွင် ရတနာပုံ ဧရာဝတီမြစ်ကူးတံတားအား ဖြတ်သန်း၍ မန္တလေးသို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ကိုတိုး ချင်းတွင်း