နူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောလွန်းကျင်းအား ဗြိတိန်စစ်သင်္ဘော တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိ

ပို့စ်တင်ချိန် - 3/16/2014 06:21:00 PM


ပလိုင်းမောက်၊ မတ်-၁၅

အင်္ဂလန်နိုင်ငံတောင်ပိုင်း၌ မတ် ၁၂ရက်ကပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်
မှုတစ်ရပ်အတွင်း ဗြိတိန်ရေတပ် စစ်သင်္ဘောတစ်စင်းသည် နျူကလီးယား စွမ်းအင်သုံးရေငုပ်သင်္ဘောများ အသုံးပြုသည့်လွန်းကျင်းကို တော်ပီဒိုဖြင့် မတော်တဆပစ်ခတ်မိခဲ့ကြောင်း မတ် ၁၅ရက်သတင်းများတွင် ဖော်ပြ
သည်။

ပလိုင်းမောက်မြို့ ဒီဗွန်ပတ်ရေတပ်ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့သော
အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့်
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ အိတ်ခ်ျအမ်အက်စ် အာဂါးလ် အမည်ရှိ ရေတပ်သင်္ဘောသည်လေ့ကျင့်မှုတစ်ရပ်အတွင်း အရှည်ကိုး
ပေရှိ သက်မဲ့တော်ပီဒိုတစ်စင်းကို ရေငုပ်သင်္ဘောလွန်းကျင်းဆီသို့ မတော်တဆပစ်ခတ်မိခဲ့ရာ လွန်းကျင်းလုံခြုံရေး စည်းရိုးအား ထိမှန် ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါ တော်ပီဒိုလက်နက်မှာ လေ့ကျင့်ရာတွင် အသုံးပြု
သည့်စမ်းသပ်လက်နက်ဖြစ်နေခြင်းကြောင့်ပေါက်ကွဲမှုမဖြစ်ခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်းမရှိခဲ့ကြောင်း ဗြိတိန်စစ်ဘက်ကပြောကြား
သည်။

တော်ပီဒိုမတော်တဆပစ်ခတ်မှုသည် ဗြိတိန်ရေတပ်နျူကလီးယား
စွမ်းအင်သုံး ရေငုပ်သင်္ဘောများအတွက်အလွန်အရေးပါသော ဒီဗွန်ပတ်ရေတပ်ဆိပ်ကမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းကိစ္စကို အားချင်းစုံစမ်းစစ်ဆေးရန် ဗြိတိန်ရေတပ် အကြီးအကဲများက
ညွန်ကြား ချက်ထုတ်ပြန်ခဲ့ရသည်။

တော်ပီဒိုမတော်တဆပစ်လွှတ်မိခဲ့သော အိတ်ခ်ျအမ်အက်စ်အာဂါးလ်
စစ်သင်္ဘောသည် ဗြိတိန်ရေတပ်၏ သက်တမ်းအရှည်ဆုံး ဖရီးဂိတ်စစ်သင်္ဘောများထဲတွင် တစ်စင်းအပါအ၀င်ဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ