HTC ချစ်သူများအတွက် HTC One Mini 2 ထွက်လာနိုင်ကြောင်း သတင်းဓာတ်ပုံများ ထွက်ပေါ်လာ

ပို့စ်တင်ချိန် - 5/07/2014 02:05:00 PM


ကယ်လီဖိုးနီးယား၊ မတ် ၆
နည်းပညာနှင့် ပတ်သက်သည့် လျှို့ဝှက်သတင်းများကို အစဉ်မပြတ်ထုတ်ပြန်နေသည့် evleaks မှ HTC One Mini 2 ဟု ယူဆရမည့် HTC ဖုန်းဓာတ်ပုံများကို မေ ၆ ရက်က ထုတ်ပြန်ခဲ့သည်။
အရောင်များအနေဖြင့် မီးခိုးရောင်၊ ငွေရောင်နှင့် ရွှေရောင်တို့ ထွက်ရှိလာမည်ဖြစ်ပြီး ယခင်သတင်းများ ထွက် ပေါ်လာသည့်အတိုင်း One M8 တွင် အသုံးပြုထားခဲ့သည့် 4 megapixel အစား 13 megapixel ကို အစား ထိုး အသုံးပြုမည်ဖြစ်သည်ဟု evleaks က ဆိုသည်။

HTC အနေဖြင့် ၎င်း၏စွမ်းဆောင်ရည်မြင့် Ultrapixel ကင်မရာအား ဖုန်းအသစ်များတွင် ထည့်သွင်းအသုံးပြု သွားနိုင်သည်ဟု အများက ခန့်မှန်းထားရှိသော်လည်း HTC One Mini 2 တွင် dual lens ကိုလည်း အသုံးပြု ထားခြင်းမရှိဘဲ ယခင် Desire 816 တွင် အသုံးပြုထားခဲ့သည့် 13 megapixel အရည်အသွေးရှိ ကင်မရာ ကိုသာ ထပ်မံအသုံးပြုသွားနိုင်ချေ ရှိသည်။

အခြား ထွက်ပေါ်လာခဲ့သော သတင်းအရ HTC One Mini 2 တွင် Android 4.4 KitKat? Sense 6 UI နှင့် Snapdragon 400 processor ကို အသုံးပြုသွားမည် ဖြစ်သည်။ ယင်းတွင် ပါဝင်သော အစိတ်အပိုင်း များအရ HTC One Mini 2 မှာ အလယ်လတ်တန်း စမတ်ဖုန်းတစ်လုံးဖြစ်ပြီး HTC Desire 816 နှင့်များစွာ ဆင်တူသော်လည်း ထူးခြားသည်မှာ မကြာသေးခင်က ထွက်ရှိထားသည့် HTC One M8 ၏ ဒီဇိုင်းနှင့် တူ ညီနေခြင်းပင် ဖြစ်သည်။

Mizzima Burmese