တရုတ်မှာ လူကုန်ကူးခံရသူ ၁၅ ဦး မြန်မာပြည် ပြန်ရောက်

ပို့စ်တင်ချိန် - 5/07/2014 09:17:00 PM


 တရုတ်ပြည်ကို လူကုန်ကူးခံရပြီး၊ မေလ ၂ ရက်မနက်က သူတို့ အလုပ် လုပ်ရတဲ့ ကျန်းရှီး ပြည်နယ် ကျီယန်းမြို့ IAG Sound Box စက်ရုံ ကနေပြန်လာတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့  အနောက် တောင်ဘက် ငရုပ်ကောင်းမြို့ နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက် ဟာ မြန်မာနိုင်ငံ မူဆယ်မြို့ ဘက်ကို မနေ့ က မေလ ၆ ရက်ည မှာ ပြန်ရောက်လာပြီလို့ စုံစမ်း သိရှိရပါတယ်။

အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်က သူတို့ ကို ရွှေလီမှာနေတဲ့ ကိုဘိုဝင်းဆိုသူက ကူညီလိုက်တဲ့အတွက် မြန်မာပြည်ပြန်ရောက်လာတဲ့ အကြောင်းအခုလိုပြောပါတယ်။

"သူက တရုတ်ငွေ ၁၅၆ဝ ကိုသူကစိုက်ပေးလိုက်တယ်၊သဘောကတော့ ကျနော်တို့ ၁၆ ယောက်ကို လိုက်ပြီးကယ်ထားလိုက်တာပေါ့ အဲ့ဒီနေရာမှာ ကျနော်တို့ကို ပိုက်ဆံလာပို့ပေးမဲ့ ဇော်မင်းထိုက်ကို ကိုကံနိုင်က ရွှေလီထဲ ကိုရောက်ပြီးရှာနေပြီ အဲ့ဒီမှာနေ့လည် ၁ နာရီဝန်းကျင်လောက်ရှိလိမ့်မယ် ကိုဇော်မင်းထိုက်နဲ့ အဆက်အသွယ်ပြန်ရတယ်ဖုန်းနဲ့ အဲ့ဒါနဲ့ ကျနော်တို့ကို ကယ်ထားတဲ့သူတွေကို ကျနော်တို့ ပြန်ပြီးတော့ငွေသွားပြန်ပို့တာပေါ့ မူဆယ်မှာညအိပ်နေတာပေါ့"

သူတို့ ၁၅ ယောက်ကို တရွာတည်းနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဆိုသူက တရုတ်ပြည်မှာ လစာကောင်း တဲ့ အလုပ်အကိုင်ရမယ်လို့ ပြောဆို စည်းရုံးပြီးတဲ့နောက် တဦးကိုကျပ်ငွေ တသိန်းခွဲဆီအကျိုးဆောင်ခ ယူပြီး ဖေဖေါ်ဝါရီလက ပို့ လိုက်တဲ့အကြောင်းနဲ့  တရုတ်ပြည်က IAG Sound Box စက်ရုံမှာ လုပ်ခ နည်းနည်းနဲ့ အလုပ်လုပ်ရတဲ့အကြောင်း၊ ဒါ့အပြင် လစာကိုလဲပုံမှန်ရှင်းမပေးတဲ့အတွက် အခက်အခဲ တွေဖြစ် ပြီး နောက်ဆုံးမှာ သူတို့ လုပ်အားခတွေအကုန်မရပဲ မြန်မာပြည်ကိုပြန်လာ ကြတဲ့အကြောင်း RFA ကထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

RFA Burmese