တရားဝင် ကွာရှင်းခွင့် လျှောက်ထားမှုနှင့်ပတ်သက်ပြီး လင်းဇာနည်ဇော်၏ ပြောကြားချက်

ပို့စ်တင်ချိန် - 5/07/2014 02:56:00 PM




ရဲကိုကို နဲ့ လင်မယား ကွာရှင်းပေးစေ လိုမှု ဒီဂရီ ရလိုကြောင်း လျှောက်ထား မှုကို လင်းဇာနည်ဇော် ဘက်ကနေ နိုင်ငံတော်ပိုင် ကြေးမုံ သတင်းစာ ကနေ ထည့်သွင်း ထုတ် ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ ကြာပြီးမှ အခုလို တရားဝင် ကွာရှင်းခွင့် တင်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး လင်းဇာနည်ဇော်က “အစ်မတို့က တရားဝင် ကွာရှင်းတာ မဟုတ်ဘဲနဲ့ ခွဲနေတာက ဆယ့်လေးနှစ်ခွဲကျော် လောက်ရှိပြီ။

သူကလည်း သူ့ မိဘအိမ်မှာ နေသလို အစ်မကလည်း အစ်မမိဘ အိမ်မှာနေ တယ်။ ရှေ့လျှောက်လည်း ဆက်ပေါင်းဖို့ အစီအစဉ် မရှိတော့ဘူး။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အနှောင်အဖွဲ့တွေ မဖြစ်စေချင် တာကြောင့် အတိ အလင်း လုပ်လိုက်တာပါ။ အခုလို လုပ်လိုက်ပေမယ့်လည်း အစ်မတို့က တစ်ယောက်နဲ့ တစ်ယောက် ရန်သူလို မဟုတ်ဘဲနဲ့ တစ်ယောက်ကို တစ်ယောက် နားလည်စွာ နဲ့ပဲ နှစ်ဦး သဘောတူ လုပ်လိုက်တာပါ။ ဘာဖြစ်လို့ တရားရုံးမှာ လုပ်ရလဲ ဆိုတော့ သူကလည်း ဂျပန်မှာ ရောက်နေတော့ လက်မှတ်က နှစ်ယောက် အတူထိုးမှ တရားဝင် မှာလေ။ သူက ဒီမှာ မထိုးပေးနိုင်ဘူး။ အဲဒီအတွက်ကြောင့် ရုံးမှာ လုပ်မှ တရားဝင် ဖြစ်မှာဆိုတော့ အခုလို လုပ်ဖြစ်တာပါ။ သမီးတော့ သူ့အဖေနဲ့ အဆက်အသွယ် ရှိမှာပါ။ အမြဲတမ်း လည်း ဒီလိုပါပဲ။ အရင်ကရော၊ နောင်ရော သမီးက အရင်လိုပဲ သူ့အဖေ နဲ့အဆက်အသွယ် ရှိမှာပါ။ လူကြီးချင်းဖြစ်တာ တစ်ကဏ္ဍ၊ ကလေး ကတော့ ဒီအမေ၊ ဒီအဖေ နဲ့ မွေးထားတာ ဖြစ်တဲ့ အတွက်ကြောင့် အရင်တုန်းကလိုပဲ အဖေက အဖေပါပဲ။ သမီးအတွက် ကကောင်း ပါတယ်။

သူက အဖေကို တစ်လှည့် ဆိုးလိုက်၊ အမေကိုတစ်လှည့်ဆိုးလိုက် နဲ့ အဖေ နဲ့အမေ အတူမနေရတာ တစ်ခုကလွဲလို့ သူ့အတွက်က ကျန်တာပြောင်းလဲမှု မရှိပါဘူး။ အစ်မတို့က သမီးမှ မဟုတ်ပါဘူး။ သူတို့ မိသားစု နဲ့ အစ်မတို့ မိသားစုက အရင်လိုပါပဲ။ လင်မယားလို မဟုတ်တော့ပေမယ့် မိသားစုလို၊ မောင်နှမလို၊ မိတ်ဆွေ လိုကတော့ အမြဲတမ်း ဒီလိုပဲ ရှိနေမှာပါ။ ဧပြီလ၂၉ ရက်နေ့က သတင်းစာ မှာပါတာပါ။ ရုံးကဒီလိုမျိုး လုပ်မှ အတည်ဖြစ်မှာဖြစ် တာကြောင့် အခုလို လုပ်တာပါ။ အစ်မတို့ ဒီကိစ္စက အခုမှဖြစ်တဲ့ ပူပူနွေးနွေး ကိစ္စလည်း မဟုတ်ပါဘူး။ ပရိသတ်ကို လည်း အစ်မက ဘာလုပ်လုပ် ဘာမှညာစရာလည်း မလိုပါဘူး။ အစ်မ လုပ်တာ မှန်သမျှကို ပရိသတ်ကြီးကို ဖြူစင်စွာ နဲ့အမြဲတမ်း အသိပေးမှာပါ။ အစ်မ အခုလို လုပ်တာကလည်း တခြားအကြောင်းတွေ ရှိလို့ လုပ်တာ မဟုတ်ပါဘူး။ အခုလို နေနိုင်လို့လည်း ၁၄နှစ် ကျော်လောက် ထိနေလာတာ အခု အချိန်ထိ ပါပဲ။ အဲဒါကြောင့် တခြား သို့လောသို့ လောတွေလည်း မတွေးကြပါနဲ့လို့ ပြောချင်ပါတယ်။

အစ်မတို့က အခုယူပြီး အခု ကွဲတာ မျိုးလည်း မဟုတ်ဘူး။ ဘယ်သူ့ရဲ့ အိမ်ထောင်ရေး ကိုမှပုတ်ခတ်ပြီးတော့ လည်း အပြစ်မတင်ချင်ဘူး။ ဒါတွေက ကံတရား နဲ့ဆိုင်တဲ့ အရာတွေပါ။ အစ်မကိုယ်တိုင် လည်း ကိုရဲကို ချစ်လို့ ပေါင်းသင်းခဲ့တာပါ။ ဘာကိုမှမက်ပြီး ပေါင်းခဲ့တာ မဟုတ်ပါဘူး။ ချစ်တာ တစ်ခုတည်း နဲ့ ပေါင်းခဲ့တာပါ။ အစ်မတို့ မိသားစု Life ကိုက အိမ်ထောင်ရေး ကွဲမှာ၊ ပျက်မှာကို လုံးဝ မလိုလားပါ ဘူး။ ဒါပေမဲ့ ဖြစ်လာတဲ့ ကံတရားကို မလွန်ဆန်နိုင် တာကြောင့်တစ်ယောက် နဲ့ တစ်ယောက် ဝေးကွာ သွားရတာပါ။ အခုယူ အခုကွဲတဲ့ အထဲမှာတော့ မပါပါဘူး။ ကံတရားကြောင့် သာ အခုလိုမျိုးတွေ ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း


Popular Journal