လန်ဒန်ရဲ့ Wembley အားကစားကွင်းမှာ ပထမဆုံးဖျော်ဖြေရမယ့် ရပ်ပ်ပါ Eminem ဖြစ်လာ

ပို့စ်တင်ချိန် - 5/07/2014 02:59:00 PM




သီဟနိုင် on 2014-05-07 11:59    


Eminemက သမိုင်းတွင်အောင် လုပ်လိုက်ပြန်ပါပြီ။ လန်ဒန်ရဲ့ Wembley အားကစားကွင်းမှာ Eminem ဟာ ပထမဆုံး ဖျော်ဖြေရမယ့် ရပ်ပ်ပါ ဖြစ်လာပါတယ်။ The Beatles, Pink Floyd နဲ့ The Rolling Stones တို့လည်း ပါဝင်သီဆိုကြမယ့် ကျော်ကြားလှတဲ့ ပွဲကြီးပါ။

ဒီရှိုးပွဲကြီးဟာ ဟစ်ပ်ဟော့ပ်အတွက် အောင်နိုင်မှုကြီးဖြစ်သလို၊ Eminem အတွက် ဧရာမ အောင်မြင်မှုကြီးလည်း ဖြစ်ပါတယ်။ ဗြိတိန် အာဏာရှင်တွေက Eminem ကို လန်းန်မှာ ဂီတပွဲအကြီးကြီး မလုပ်စေချင်ခဲ့ကြပါဘူး။ Eminemဟာ Hyde Park မှာ ဖျော်ဖြေဖို့ အစပိုင်းမှာ လျာထားခဲ့ပေမယ့် အတည်ပြုချက်တော့ မရခဲ့ပါဘူး။

“Hyde Parkမှာ ဖျော်ဖြေဖို့ ထောက်ခံချက်မရနိုင်ဘူးဆိုတာ ကျွန်တော်ကြားပါတယ်။ ပြီးတော့ ဒီနှစ်နွေရာသီ၊ လန်ဒန်မှာ ဖျော်ဖြေဖို့ကို ပိုပြီးစိတ်လှုပ်ရှားသွားတာပေါ့။ ကျွန်တော့်ကို တစ်ခုခုလုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းက ကျွန်တော် မလုပ်နိုင်ဘူးလို့ ပြောခံရတာပဲ။” လို့ Eminem ကပြောပါတယ်။

ဒါပေမဲ့ Wembley အားကစားကွင်းက တခြား ရပ်ပ်ပါတွေကိုရော တံခါးဖွင့်ပေးမှာလား။ အချိန်ကပဲ ပြောပြသွားပါလိမ့်မယ်။

မေလ ၉ရက်နေ့မှာ လက်မှတ်တွေကို ရောင်းချပေးမှာဖြစ်ပြီး ဇူလိုင်လ ၁၁ရက်မှာ ဂီတပွဲကြီးကို ကျင်းပသွားမှာပါ။

Ref:theboombox.com
Trend Myanmar