ရခိုင်ဒုက္ခသည်များကိုအကူအညီပေးရာတွင် နိုင်ငံတော်တစ်ခုတည်းဖြင့် မလုံလောက်ဟု ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း ပြော

ပို့စ်တင်ချိန် - 5/07/2014 02:18:00 PM



ရဲလင်းထက် ၊ ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ်အရေးအ ခင်းများကြောင့် နှစ်ဖက်လူ့အဖွဲ့အစည်းဒုက္ခ သည်များကိုကူညီရာတွင် နိုင်ငံတော်တစ်ခု တည်းဖြင့်မလုံလောက်ဘဲ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအ ညီများကလည်း အရေးပါကြောင်း ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းကပြော ကြားလိုက်သည်။

ဒေါက်တာစိုင်းမောက်ခမ်းက ''လူသားချင်းစာနာထောက်ထားသော အ ကူအညီများသည်မျှတသည့် အကူအညီဖြစ် လာစေရန်၊ နိုင်ငံတကာကျင့်သုံးသည့်ကျင့် စဉ်အတိုင်းဖြစ်စေရန်၊ သက်ဆိုင်ရာနှစ်ဦး နှစ်ဖက်လက်မှတ်ရေးထိုးခဲ့သည့်ဝန်ကြီး ဌာနအပြင် သက်ဆိုင်ရာလုပ်ငန်း ကော်မတီ များကပါထပ်မံကြီးကြပ်ပြီး ဒုချီးယားတန်း ကျေးရွာကိစ္စမျိုး၊ MSF (Holland) ကိစ္စမျိုး နောက်ထပ်မဖြစ်ပွားစေရန် ရှောင်ရှားနိုင် မည့်နည်းလမ်းများကိုစီစဉ် ဆောင်ရွက်သွားရန်လိုအပ်မည်'' ဟု ပြောကြားသည်။

ယင်းကဧပြီ ၂၉ ရက်တွင် နိုင်ငံ တော်သမ္မတရုံးတွင်ကျင်းပသည့် ရခိုင်ပြည် နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂ဝ၁၄)တွင် ယခုကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကိုပေးနေ သည့် UNICEF မှမြန်မာနိုင်ငံဆိုင်ရာဌာ နေကိုယ်စားလှယ် Mr.Bertr and Bainvel က ''ကျွန်တော်တို့လို UN အေဂျင်စီတွေ အနေနဲ့ ဒီဒေသမှာလုပ် နေတာကြာပြီဖြစ် ပေမယ့်လဲ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ် ပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် လုပ်ရ ကိုင်ရခက်ခဲတဲ့ အခြေအနေတွေကြုံတွေ့နေ ရပါတယ်။ ခုဖြစ်ပေါ်နေတဲ့ ပုံစံအရလုပ် ကိုင်နေရတဲ့အနေအထားမှာ ဒေသဆိုင်ရာ အာဏာပိုင်၊ အဖွဲ့အစည်းတွေနဲ့ ပိုပြီးနီးနီး ကပ်ကပ်နား လည်မှုယူလုပ်ကိုင်နေပါတယ်'' ဟုဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသူပြည်သူများသည် နိုင်ငံ တကာထောက်ပံ့ကူညီရေးအဖွဲ့များ၏ လုပ် ဆောင်ချက်များအပေါ်တွင် ယုံကြည်မှုမရှိ ဘဲပြည်နယ်အတွင်းမှထွက်ခွာသွားရန် တောင်း ဆိုဆန္ဒပြမှုများနှင့် နိုင်ငံတကာအဖွဲ့အစည်း များ ဌားရမ်းထားသည့်အဆောက်အအုံများ ဖျက်ဆီးမှုများလည်းရှိခဲ့သည်။

ရခိုင်ပြည်နယ်အရေးအခင်းသည် ရခိုင်ပြည်နယ်တစ်ခုတည်း၏ကိစ္စမဟုတ် ဘဲ ကုလသမဂ္ဂမျက်နှာစာ၊ ဂျီနီဗာမျက်နှာ စာ၊ OIC မိတ်ဖက်နိုင်ငံများထဲ သာမက ASEAN ဒေသတွင်းတွင်ပါ မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်များကို ထိခိုက်စေသည့် အ ရေးအခင်းဖြစ်နေကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကထောက်ပြ ပြောဆိုသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် အတွင်းရှိပြည်သူများသည် နိုင်ငံတကာအဖွဲ့ အစည်းများ၏ လူသားချင်းစာနာထောက် ထားသော ကူညီလုပ်နေမှုများအပေါ်တွင် ခွဲခြားလုပ်ဆောင်နေမှုများရှိသည်ဟုဆိုကာ ပြည်နယ်အတွင်းမှ ထွက်ခွာသွားရန် ဆန္ဒပြတောင်းဆိုမှုများ လည်းရှိခဲ့သည်။

နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ဖြစ်ပွားနေသည့်မသင့်မြတ်မှုအရေးအ ခင်းသည် ရခိုင်တိုင်းရင်းသားနှင့်ဘင်္ဂါလီ လူမျိုးများ မသင့်မြတ်မှုအရေးအခင်းမှတစ် ဆင့်တက်ကာနိုင်ငံတကာအဆင်မပြေနှောင့် ယှက်ဖျက်ဆီးမှုအဖြစ်ပြောင်းလဲလာကြောင်း သိရသည်။
-------------------------------------------------------------------------

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇
Yangon Media Group