မုန်တိုင်းနာမည်တွေကို မိန်းမနာမည်တွေပေးရတဲ့အကြောင်း

ပို့စ်တင်ချိန် - 5/07/2014 06:23:00 AM


ပညတ်သွားရာ ဓါတ်သက်ပါ

မဆလ ခေတ်လောက်တုံးက ကျွန်တော်က မိုးလေ၀သခန့်မှန်းရေး အရာရှိငယ်ပေါက်စဘ၀မှာ ရှိနေတုံး တစ်နေ့တော့ ရန်ကုန် ခြောက်ထပ်ရုံးမှာရှိတဲ့ တောင်သူလယ်သမားအစည်းအရုံးက
လူကြီးတွေက ကျွန်တော့ရုံးကို လေ့လာရေးလာကြတုံးကပေါ့။

ကျွန်တော်က သူတို့အဖွဲ့ကို မိုးလေ၀သခန့်မှန်းချက်ထုတ်ပြန်ပုံတွေကို ရှင်းပြအပြီး
“ကဲ..ဆရာကြီးတို့ မေးစရာရှိရင် မေးနှိုင်ကြပါတယ် ခင်ဗျာ” လို့ ပြောလိုက်တော့ ထိုင်နားထောင်နေကြတဲ့ လေ့လာရေးလာသူတွေထဲက အန်ကယ်ကြိးတစ်ဦးက
“နေစမ်းပါဦး ကိုထွန်းလွင်ရဲ့၊ ကျွန်တော်မသိလို့မေးစမ်းပါရစေ။ ခင်ဗျားတို့ မိုးလေ၀သဌာနတွေက ဘာပြုလို့ မုန်တိုင်းတွေကို မိန်းမနာမည်တွေပေးကြတာလည်းဗျ”
လို့ မမျှော်လင့်ဘဲ မေးချလိုက်ပါတော့တယ်။

ဗုဒ္ဒော၊
ကျွန်တော်ဟာ မမျှော်လင့်တဲ့မေးခွန်းကြောင့် ရုတ်တရက် အကြပ်ရိုက်သွားရပါတယ်။
ဘာပြုလို့လည်းဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိဘူးဗျ။

ဒါပေမယ့် ပြဿ နာမရှိပါဘူးလေ။
မသိပေမယ့်လည်း ကျွန်တော်ကပြောနေကြလေ။ မိုးလေ၀သခန့်မှန်းနေတဲ့ကောင်ဘဲ။
မသိဘဲပြောရလို့ မှားမှာလည်း ကျွန်တော်က မကြောက်ပါဘူး။ မိုးလေ၀သ ခန့်မှန်းနေတဲ့ကောင်ဘဲ။

ဒီတော့ ကျွန်တော်က မုန်တိုင်းတွေကို မိန်းမနာမည်တွေပေး၇တဲ့အကြောင်းကို အဲဒီအန်ကယ်ကြီးကို ဒီလိုဘဲ ရှင်းပြခဲ့ဘူးသဗျ။

” မုန်တိုင်းတွေကို မိန်းမနာမည်တွေပေးရတာ အကြောင်းနှစ်ခုရှိပါတယ်..အန်ကယ်။
အန်ကယ်.. မုန်တိုင်းဆိုတာလေ၊ ဟိုသွားမယ်ဆို ဒီ၊ ဒီသွားမယ်ဆို..ဟို၊ အလွန်ခန့်မှန်းရခက်ပါတယ်။ အဲဒါဟာ..မိန်းမတွေနဲ့ တူတယ်ထင်ပါတယ်ခင်ဗျ။”

“ဒုတိယအကြောင်းကတော့ အန်ကယ်၊ မုန်တိုင်းဆိုတာ ဖြစ်ပြီဆိုတာနဲ့ မျက်စိအောက်က အပျောက်ခံလို့ မဖြစ်ဘူး အန်ကယ်၊ 24/7 ဘဲဗျ။ အဲ…မျက်စိအောက်က အပျောက်ခံလိုက် တာနဲ့၊ ခံရပြီသာမှတ်။ အဲဒါကလည်း မိန်းမတွေနဲ့ တူတယ်ထင်ပါတယ်ခင်ဗျ”

လို့ ဖြေလိုက်တော့ အဲဒီ.အန်ကယ်ကြီးက လက်ခံသွားသလိုဘဲ၊
“အေး..ဗျ ” ဆိုပြီး အိမ်က ဒါယိကာမကြီး သတိရသွားသလားမသိပါဘူးဗျာ။ ငြိမ်သွားတယ်ဗျ။

ကဲ… မုန်တိုင်းတွေဖြစ်ရင် ကျွန်တော် ဘာကြောင့် အိပ်မရလည်းဆိုတာ နားလည်ပါပြိနော်။

မောင်ထွန်းလွင်(မိုးလေ၀သ)