ရန်ကင်းလူသတ်မှု ဒုတိယအကြိမ် အမှုစစ်ဆေးရာ၌ ကွဲလွဲချက်များရှိနေ

ပို့စ်တင်ချိန် - 5/07/2014 02:19:00 PM




အောင်မြတ်ဟိန်း(မြစ်မခ) ၊ ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဝါးတံတား လမ်းမပေါ်၌ မတ် ၁၅ ရက် ည ၉ နာရီ ခန့်က အသက် ၂၅ နှစ်အရွယ် ကလေးသုံး ယောက်ဖခင်အား ဓားဖြင့်ခုတ်သတ်မှုကို ဒုတိယအကြိမ်အဖြစ် မေ ၂ ရက်က စစ်ဆေး ရာ၌ ကွဲလွဲမှုအချို့ရှိနေသည်ဟု သေဆုံး သူ၏ မိသားစုဝင်များက ဆိုသည်။

ရဲစခန်းတွင် စစ်ဆေးစဉ်က တ ရားစွဲဆိုခံရသူသည် ¤င်းအနေဖြင့်လူသတ် ခဲ့ကြောင်းနှင့် ပိုက်ဆံ ၂ဝဝဝ တောင်းယူ သွားကြောင်း ထွက်ဆိုခဲ့သော်လည်း တရား ရုံး၌ စစ်ဆေးစဉ်တွင် ¤င်းအနေဖြင့် ရဲစခန်း တွင်ထွက်ဆိုခဲ့စဉ်က ဘီယာမူးနေခြင်းကြောင့် မမှတ်မိတော့ကြောင်း ပြန်လည်ထွက်ဆိုခဲ့ သည်ဟုသိရသည်။

''ရဲစခန်းမှာ ထွက်ဆိုချက်ပေး ထားခဲ့တာတော့ တရားခံက သူလူသတ်ခဲ့ ကြောင်း၊ မင်းမှာ ပိုက်ဆံရှိလားဆိုပြီး ပိုက် ဆံ ၂ဝဝဝ ပေးလိုက်ကြောင်း၊ ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်''ဟု တရားစွဲဆိုခံရသူ၏ သက်သေဖြစ်သူ ဂျပန်ကြီး(ခေါ်)အောင် ကိုလင်းက ပြောသည်။

ထိုကဲ့သို့ ထွက်ဆိုခြင်းမှာ မမှန် ကန်ကြောင်းနှင့် ယခုကဲ့သို့ထွက်ဆိုရန် တ ရားစွဲဆိုခံရသူ၏ ရှေ့နေဖြစ်သူက သင်ကြား ပေးခြင်းဖြစ်ကြောင်း သေဆုံးသူ၏ယောက္ခမ ဖြစ်သူ ဒေါ်နီနီက စွပ်စွဲပြောဆိုသည်။
''တရားခံရဲ့ရှေ့နေက သေသေ ချာချာ သင်ပေးထားလို့ အခုလို ကွဲလွဲပြီး ထွက်ဆိုတာ''ဟု သေဆုံးသူ၏ ယောက်ဖ ဖြစ်သူ ကိုချိုဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်ခရိုင်တရား သူကြီး(၄)၏ရုံး၌ မေ ၂ ရက်တွင် စစ်ဆေး ရာ ထိုကဲ့သို့ ကွဲလွဲမှုများရှိနေခြင်းကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယဥပဒေအရာ ရှိဒေါ်စန်းစန်းရီက တရားသူကြီးထံသို့ တင် ပြမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက် ခရိုင်တရားသူကြီး(၄)ထံသို့ တင်ပြပြီးပါက ¤င်းအနေဖြင့် လိုအပ်သည့် သက်သေများ ကို ထပ်မံစစ်ဆေးပေးမည်ဖြစ်ပြီး မေ ၈ ရက်၌ တရားစွဲဆိုခံရသည့် သက်သေနှစ် ဦးအား ထပ်မံအမှုချိန်းဆိုထားသည်ဟု သိ ရသည်။

အဆိုပါလူသေဆုံးမှုကိစ္စနှင့် ပတ်သက်၍ ရန်ကင်း၌ နေထိုင်သူများအ ကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကိုလည်း ရန်ကင်းဒေသခံတချို့ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် ၁၂ ရပ်ကွက် ဝါးတံတားလမ်းပေါ် တွင် မတ် ၁၅ ရက် ည ၉ နာရီ အချိန်ခန့် ၌ အသက် ၂၅ နှစ်အရွယ် ကလေးသုံးဦး ဖခင်ကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ရန်ကင်း ရပ်ကွက်မှ တရားခံအား ပထမဆုံးအကြိမ် အဖြစ် ဧပြီလနောက်ဆုံးပတ်အတွင်းက ရုံး ထုတ်စစ်ဆေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးမှ သိရသည်။
--------------------------------------------------------------------------

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇