ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ

ပို့စ်တင်ချိန် - 5/07/2014 03:00:00 PM




ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်၊ GYM ဆော့တယ်ဆိုပါစို့။ အဲ့ဒီလို လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ဘယ်လိုအရာမျိုးတွေ လုပ်သင့်တယ်၊ ရှောင်သင့်တယ်ဆိုတာမျိုးကို သိထားမှသာ ကိုယ်လုပ်လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဘယ်လိုအရာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပြီးချိန်မှာ တန်းပြီး ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။

လေ့ကျင့်ခန်းလုပ်ထားတာကြောင့် မြန်နေတဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ဟာ ချက်ချင်းကြီး ပြောင်းလဲသွားတာမျိုး မဖြစ်အောင် အနည်းဆုံး  အေရိုးဗစ်လေးကပြီး အဆုံးသတ်ပေးတာတို့၊ ဒါမှမဟုတ်လည်း treatmill ပေါ်မှာ လမ်းလျှောက်ပေးတာလောက် လုပ်ပြီးမှသာ လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်ပါ။

၂။အကြောလျှော့ဖို့လည်း မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အကြောပြန်လျှော့ပါ။ မလုပ်ခင်လျှော့ထားရင်တောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အကြောပြန်လျှော့ဖို့ လိုကိုလိုပါတယ်။

၃။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အစားစားပေးဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးမထွက်ခင် လောင်စာတစ်ခုအနေနဲ့ အစာစားဖို့ လိုတယ်ဆိုတာ အားလုံးသိထားပြီးသားပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ကြွက်သားတွေ သာမာန်စေဖို့အတွက် ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစာတွေ စားပေးပါ။

၎။လေ့ကျင့်ခန်းလုပ်တုန်းက ၀တ်ထားတဲ့ အင်္ကျံတွေကို လေ့ကျင့်ခန်းပြီးတာနဲ့ ချွတ်လဲပါ။

ချွေးတွေစိုနေတဲ့ အ၀တ်အစားတွေဟာ ကိုယ့်ကိုရောဂါပိုးတွေ လွယ်လွယ်ကပ်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ လဲပစ်လိုက်ဖို့ လိုပါတယ်။

၅။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရေချိုးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတွေ၊ ချွေးနံ့တွေဟာ ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေတဲ့အရာတွေဖြစ်တာကြောင့် ရေချိုးပစ်လိုက်တာ အကောင်းဆုံးပါပဲ။

၆။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သောက်စားတာမျိုးတွေ မလုပ်ပါနဲ့။

လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ပြီးတာနဲ့ ဘားတွေသွား၊ အရက်ဆိုင်ရောက်သွားတယ်ဆိုရင်တော့ ကောင်းကျိုးထက်၊ ဆိုးကျိုးကိုသာ ပိုခံစားရမယ်ဆိုတာ မမေ့ပါနဲ့။

၇။အိပ်ရေး၀၀ အိပ်ပါ။

အိပ်ချိန်ကို ဘယ်အချိန်ဆိုပြီး သတ်မှတ်အိပ်ပါ။ အိပ်ရေးမ၀တဲ့သူဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လည်း မလွယ်ကူတာကြောင့်ပါ။

Ref:womenshealthmag.com

Trend Myanmar