Finger trap online beauty trend လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ

ပို့စ်တင်ချိန် - 5/07/2014 07:49:00 PM


• ခုတလောခေတ်စားနေတဲ့သတင်းလေးတခုပါ။ ဆိုရှယ်မီဒီယာပေါ်မှာ တရုပ်မလေးတွေက မျက်နှာအလှကို လက်ညှိုးနဲ့ အကဲဖြတ်ကြသတဲ့။
• Finger trap test လက်ညှိုးထောင်ချောက်လို့ခေါ်တယ်။ Beauty and Ugliness Identification Method
ရုပ်လှ-ရုပ်ဆိုး သတ်မှတ်နည်းလို့လဲခေါ်သေးတယ်။
• လက်ညှိုးကို မေးကနေ နှာခေါင်းကိုထိတန်းလိုက်ပါ။ ပါးစပ်နှုပ်ခမ်းနဲ့ လက်ညှိုးထိနေပါရဲ့လား။ အဲတာဆို ၃့၁ မှတ်ရလို့ Perfect profile ပါဖက်အချက်ဖြစ်တယ်တဲ့။


• Perfect body ပါဖက်ကျတဲ့ကိုယ်ခန္ဓာအလှဆိုတာ လာသေးတယ်။ Wiebo ဆိုတဲ တရုပ်လုပ် Facebook မှာ ခေတ်စားနေပါတယ်။ Hot or not ဟော့ရဲ့လားလို့ တိုင်းတာတဲ့။ တရုပ်မ ၂ သိန်းက အဲသည်အထဲမှာ ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက်ပြီး စမ်းသပ်ဆွေးနွေးခန်းထဲမှာပါနေကြပါသတဲ့။
• Dr. Mark Holmes ဒေါက်တာ မတ် ဟုမ်းကပြောတာကတော့ Bone fide test အရိုးကစကားပြောတာပါတဲ့။ Rickett’s E-line လို့ခေါ်တယ်။ ရှေးဟောင်းဂရိတွေကတည်းကသုံးခဲ့တဲ့ အလှဗေဒ တိုင်းတာနည်းလို့ ဆိုပါတယ်။
• Finger trap test လက်ညှိုးထောင်ချောက်နည်းကို ငြင်းချက်ထုတ်တာတွေလဲရှိတယ်။ အများသူငါက ချောပေ့ ဆိုတဲ့ Jennifer Lawrence ဂျနီဖါ လောရင့်စ် နဲ့ Kate Moss ကိတ်မော့စ်တို့ ဒီစာမေးပွဲမှာကျရှုံးကြတယ်။
• Thigh gap ပေါင်တံရှည်ကွာဟချက် ဆိုတာလဲ ရှိပြန်သေးပါတယ်။ ပေါင်နှစ်လုံးကြား ကွာဟနေတာကိုတိုင်းတာတဲ့။ Pretty မချောနဲ့ Ugly မရုပ်ဆိုးဆိုပြီးခွဲတာဆိုဘဲဗျာ။ မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်တယ်။ ထိနေရင် ဆွဲဆောင်မှုနည်းတယ်လို့ သတ်မှတ်တယ်။ ကွာနေတာကို Femininity မိန်းမပီသတယ်၊ Fragility ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့်တယ်။

ဒေါက်တာတင့်ဆွေ
၇-၅-၂ဝ၁၄