ဟိုချီမင်းမှ သရဲခြောက်ကြမ်းသော ကျောင်းတစ်ခုအကြောင်း

ပို့စ်တင်ချိန် - 5/07/2014 06:31:00 AM


ဗီယက်နမ်က ကျောင်းတစ်ခုရဲ့ သရဲခြောက်ကြမ်းတဲ့ပုံလေး ပြောပြချင်ပါတယ်...

ဇာတ်လမ်းလေးကို မပြောခင် ကျောင်းရဲ့ပုံစံလေးကို ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်...
ကျောင်းက မူကြိုကနေ အထက်တန်းထိရှိတဲ့ ကျောင်းကြီးတစ်ခုပါ.. အပြင်ကကြည့်ရင်တော့ သစ်တယ်လို့ ထင်ရပေမဲ့
ကျောင်းကြီးတည်ရှိနေတာ နှစ်အတော်ကြာနေပါပြီ...
ကျောင်းဆောင်တွေက ၆ ထပ်ရှိပြီး အခန်းတွေလည်း မြောက်များစွာရှိပါတယ်...
ကျောင်းရဲ့ ညာဘက်ချမ်း ၆ ထပ်လုံးကိုတော့ အခု အသစ်ပြန်ပြီး ပြင်ဆင်နေပါတယ်...
အဲ့မှာလည်း ဇာတ်လမ်းအနည်းငယ်ရှိတယ်လို့ ပြောကြပါတယ်...
ကျွန်တော်အခုပြောပြချင်တဲ့ အကြောင်းလေးကလည်း ကျောင်းရဲ့ သမိုင်းတွေထဲက တစ်ခုကို
ပြောပြချင်တာပါ... ကျွန်တော်က အဲဒီ့ကျောင်းကို အလုပ်ကိစ္စနဲ့ ရောက်ဖြစ်ရင် ထုံးစံအတိုင်း
သရဲကြောင်းဝါသနာထူသူမို့ အမှုမဲ့ အမှတ်မဲ့ မေးမိရင်းသိလာခဲ့တာပါ...
ကျောင်းရဲ့ အကြောင်းကို ဒီအတိုင်းပြောပြရင် ပျင်းသွားမည်ဆိုးသောကြောင့် ဇာတ်လမ်းတစ်ခုလို ရေးသားတင်ပြချင်ပါတယ်ခင်ဗျာ...

ကျောင်းစောင့် လုံခြုံရေးဦးလေးကြီးနာမည်က ချူးရစ်လို့ခေါ်ပါတယ်... ဒါမဲ့ အားလုံးက ချူးဆိုပြီး အတိုကောက်ခေါ်ကြတယ်... ချူး ရဲ့အသက်က ၆၉ နှစ်ရှိနေပါပြီ... ဒီကျောင်းမှာ အလုပ်လုပ် ခဲ့တာ အခုဆို ၆ နှစ်လောက်ရှိနေပါပြီ... အဲ့ဒါကြောင့်ကျောင်းမှာ ဘယ်လို အခြောက်အလှန်
့တွေရှိတယ်... ဘယ်လို တုန်လှုပ်စရာတွေရှိတယ်ဆိုတာကို
သူအသိဆုံးပါ... ချူး ပြောပြတာကတော့ ကျောင်းကြီးက နေ့လည်ခင်းဆို ပုံမှန်ဘာမှ မဟုတ်တဲ့ ပုံစံမျိုးပဲ... ကလေးတွေလည်း တစ်ခုခုဖြစ်တယ်ဆိုပြီး အသံတွေ သိပ်မကြားရပါဘူး...
ဒါမဲ့ ည ကိုးနာရီ ကျော်ရင် ထူးခြားလာတတ်တာတော့ ဒီကျောင်းရဲ့ သဘာဝလို ဖြစ်လာပါတယ်...
အကြောင်းကတော့ ဒီကျောင်းမှာ အခြောက်အလှန့်ရှိတယ်ဆိုတာ အနားပတ်ဝန်းကျင်ကလူတွေနဲ့
တချို့သောသူတွေ သိကြပါတယ်... ဒါမဲ့ ချူး ပြောပြခဲ့တာတော့ ကျောင်းမှာ ကျောင်းအုပ်ရဲ့ အမိန့်တွေ ထုတ်ပြန်ထားလို့ နေ့ဆိုရင် လုံးဝအခြောက်အလှန့်မရှိတာတဲ့လေ...
ဒါမဲ့ ချူးကတော့ ဒီကကျောင်းစောင့်တစ်ယောက်အနေနဲ့ အခြောက်အလှန့်ခံနိုင်လို့သာ ဒီကျောင်းမှာ ၆ နှစ်ကျော်ထိ သူလုပ်လာခဲ့တာပေါ့... ဒါမဲ့ တစ်နေ့ သူ့အတွက် အရမ်းကြေကွဲစေမယ့် ကိစ္စတစ်ခုကြုံခဲ့မယ်ဆိုတာသာ ချူး ကြိုသိခဲ့ရင် သူဒီအလုပ်ကို လုပ်ခဲ့မှာမဟုတ်ဘူးး... အခုတော့ ပြီးခဲ့တယ့် ကိစ္စတွေအတွက် အားလုံး
ပြည်ဖုံးကားချပြီး သူတစ်သက်လုံးဒီကျောင်းမှာပဲ
လုပ်တော့မယ်လို့ သူဆုံးဖြတ်ခဲ့တယ်...

ဇာတ်လမ်းလေးက ဒီလိုပါ... ချူး မှာ အရမ်းချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိတယ်...
သမီးလေးက သူ့ရဲ့ ဘဝပါ.. သမီးလေးက ငယ်ငယ်ကတည်းက အမေမရှိရှာတော့ ချူး ပဲ အဖေ.. ချူး ပဲ အမေ အဖြစ်
ကျွေးမွေးစောင့်ရှောက် လာခဲ့တာပါ... ဒါမဲ့ ကိုယ်က အရမ်းချစ်ပေမဲ့ ကိုယ့်ထက်ချစ်ရမယ့်သူပေါ်လာတဲ့ သမီးမှာတော့
ချစ်သူနဲ့ ခိုးရာလိုက်ပြေးပါလေရော... ချူးမှာ အလုပ်ကတစ်ဖက် သမီးအတွက်ရင်လေးရတာ တစ်ဖက်နဲ့ ရင်ထဲမှာ အပူ
မီးတွေ လောင်နေတဲ့အချိန်ပေါ့... နောက် တစ်လလောက်အကြာမှာ ချူးရဲ့ သမီး ပြန်ရောက်လာတယ်... ချူး
အရမ်းဝမ်းသာသွားတာပေါ့... ကိုယ့်ရဲ့ အချစ်ရဆုံးသမီးက ကိုယ့်ဆီကို တစ်နေ့ပြန်လာမှာပဲဆိုပြီး အမြဲတွေးပြီး ဖြေသိမ့်နေရသူပဲ
မဟုတ်လား... ချူး မှာ ကြည်နူးပီတိတွေ နှင့် သမီးလေးကို ပွေ့ဖက်ပြီး
သမီးလေးကို သူ့ချစ်သူနဲ့ အတူ လက်ခံခဲ့တယ်... ဒီလိုနဲ့ လတွေ အတော်ကြာလာတော့ ချူးရဲ့ သမီးလေးမှာ
သားလေးတစ်ယောက် မွေးဖွားလာခဲ့တယ်... သားအချစ် မြေးအနှစ်ဆိုသလိုပဲ ချူးမှာ မြေးလေးကို သမီးထက်တောင်ပိုပြီး
အရမ်းချစ်ခဲ့တယ်... ချစ်လွန်းလို့ သူ့အလုပ်က
ကျောင်းထဲကို ငယ်ငယ်ကတည်းက ခေါ်အိပ်တယ်လေ... ဒီလိုနဲ့ ချူးရဲ့ မြေးလေးမှာ တဖြေးဖြေးကျောင်းနေရတယ့်
အရွယ်ကိုရောက်လာခဲ့တယ်... ချူးကတော့ သူ့မြေးလေးကို သူ့အလုပ်က ကျောင်းမှာပဲ ကျောင်းတက်စေချင်ခဲ့တယ်...

ဒါမယ့် အိမ်နှင့်အရမ်းဝေးလွန်းသည်က
တစ်ကြောင်း.. ကျောင်းရဲ့ စရိတ်ကြီးမားလွန်းတာက တစ်ကြောင်းနှင့် သူလက်လျှော့ ခဲ့ရတယ်...
သူ့မြေးလေးကိုတော့ ကျောင်းပိတ်ရက်တိုင်း သူ့အလုပ်ထဲမှာ ခေါ်ခေါ်ပြီးအိပ်တယ်လေ...
သူ့သမီးမှာ ကျောင်းရဲ့ အခြောက်အလှန့်တွေရှိတာကို သိတော့ ခေါ်မသွားစေချင်ဘူးလေ...
ဒါမဲ့ ကိုယ့်အဖေဆိုတော့ မပြောပဲနေခဲ့တယ်...

ချူး ဆိုတာလည်း သရဲနှင့် ခင်လာပြီလားလို့တောင် ပြောလို့ရမယ့်သူမျိုး... တော်ရုံတန်ရုံ
လူတွေဆို ကိုးနာရီကျော်ရင် ကျောင်းနားကို မသွားရဲတော့ဘူး... ဘယ်လိုတွေ ခြောက်လှန်လဲဆိုရင် ကျောင်းမှာ အများဆုံးက မှင်စာလို နီရဲရဲကောင်တွေပါ... ကျောင်းထဲမှာ အမြဲလိုလိုတွေ့ရတယ်လို့ ဖြတ်သွားဖြတ်လာ လုပ်တဲ့သူတိုင်း
ပြောကြတယ်...

တစ်နေ့ လူတစ်ယောက်က ကျောင်းနားမှာ အလေးစွန့်ချင်လို့ ကျောင်းခြံစည်းရိုးနားကပ်ပြီး
နေရာယူလိုက်တယ်... ပြီးတော့ အေးဆေး ထိုင်နေတုန်း အပုပ်နံ့တွေရလာလို့ မသင်္ကာတာနဲ့ အနောက်ကိုလှည့်ကြည့်
လိုက်တယ်... အဲ့ဒီ့မှာပဲ သူအနောက်မှာ မျက်လုံးဟောက်ပက်နဲ့ လျှာ
တစ်တောင်လောက်ထွက်နေတဲ့ ဆံပင်ဖားယား မိန်းမ ခေါင်းပြတ်ကို တွေ့လိုက်ရတယ်တဲ့...
ပြီးတော့ ခေါင်းပြတ်ကြီးရဲ့ နောက်မှာလည်း ခေါင်းကြီးကြီး ခန္ဓာကိုယ်သေးသေးနဲ့ အနီကောင်တွေကို တွေ့လိုက်ရတော့
အဲ့လူခမျာ မစင်တန်းလန်းနဲ့ ထပြေးရတော့တာပဲတဲ့...
နောက်နေ့ရောက်တော့ သတင်းတစ်ခုကြားလိုက်ရတယ်...
မနေ့က သရဲခြောက်ခံခဲ့ရတဲ့လူ အဖျားကြီးပြီး ဆေးရုံတင်လိုက် ရတယ်တဲ့လေ...
ဒီလိုအဖြစ်အပျက်တွေ ရှိနေတော့ ချူးကို အနားကလူတွေက ဦးလေးကြီးကိုရော
သရဲတွေ မခြောက်ကြဘူးလား... ဦးလေးကရော မကြောက်ဘူးလားး အမြဲမေးကြတယ်...
အဲ့လိုမေးတိုင်း ချူးမှာ ပြုံးပြုံးနှင့် " ငါက ဒီမှာ တာဝန်နဲ့ အလုပ်လုပ်နေတာပါ..
သူတို့လည်း သူတို့အလုပ် သူတို့လုပ်တယ်.. ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်...
အဲဒါကြောင့် သူတို့ကို ဂရုမစိုက်နိုင်ပါဘူးး " ဟု ခပ်အေးအေးနှင့် ပြန်ဖြေတတ်တယ်... အားလုံးကလည်း ချူး ရဲ့
မကြောက်တတ်တဲ့စိတ်ကို လေးစားကြတယ်... တချို့က မေးကြတယ်... "ချူးကို သရဲတွေက မခြောက်တာလား" တဲ့လေ... မဟုတ်ဘူးး ချူး မှာ မရေမတွက်နိုင်အောင် သရဲခြောက်တာခံခဲ့ရတယ်... ခုချိန်ထိလည်း သူ အခြောက်ခံနေရတုန်းပဲ... ဒါမဲ့ အခြောက်ခံရတာ
များလာတော့ ထုံသွားတာဖြစ်မှာပါ...

ချူး ဒီကျောင်းမှာ အလုပ်စဝင်တော့ ကျောင်းနောက်က အိမ်အသေးလေးမှာ နေရတယ်...
ညဆို နှစ်နာရီခြား တစ်ခါလောက် ကျောင်းကို ပတ်ရတယ်... ကျောင်းကို ပတ်တိုင်း လှစ်ကနဲ လှစ်ကနဲ အနီကောင်တွေ
အပင်ပေါ်တက်လိုက်... အောက်ဆင်းလိုက်နဲ့... တစ်ခါတစ်လေ
ဘေးက ကပ်ပြီး ဖြတ်ဖြတ်ပြေးသွားတာ... ပထမတော့ အရမ်းကြောက်သွားတယ်... အဲ့နေ့ အပြင်
ကို လုံးဝမထွက်တော့တာ... နောက်နေ့တွေလည်း အဲလို ထပ်တွေ့ပြန်ရော... နေ့စဉ်နဲ့ အမျှ
တွေ့နေရတော့ ကြောက်စိတ်တွေလျော့လာတယ်... သူတို့ ဘာလုပ်လုပ် ကိုယ့်ဟာကို ကျောင်းကို ပတ်ပြီး အိမ်လေးထံကို ပြန်ဝင်လိုက်တယ်... တစ်နေ့ သူ့အစောင့် အိမ်လေးထဲမှာ သူ့သမီး ထည့်ပေးလိုက်တဲ့ ဆတ်သားခြောက်ကို ပန်းကန်ထဲထည့်ပြီး စားပွဲပေါ်တင်လိုက်တယ်... ပြီးတော့ ရေခဲသေတ္တာထဲက လက်ဘက်ရည်ကို သွားထုတ်ဖို့ ပြင်လိုက်တယ်... ( အော်.. ကြော်ညာ ဝင်တာပါ... ဗီယက်နမ်တွေက ကျွန်တော်တို့တွေလို လက်ဖက်ရည် ရေနွေးချမ်းကို အပူမသောက်ကြပါဘူးး.. နှပ်ပြီးသား
လက်ဖက်ခြောက်အရည်ကို သူတို့က ရေခဲရေ ရေခဲတို့နဲ့ အေးနေအောင် လုပ်ပြီးမှ သောက်ကြတာပါ... ကောက်ဖီသောက်ရင်လည်း အဲလိုပါပဲ... Ice Coffee ကိုပဲ သောက်ကြတာပါ... ဒါက ဗဟုသုတ အနေနဲ့ ပြောပြတာပါ )...
ရေခဲသေတ္တာလေးထဲက လက်ဖက်ရည်ဗူးကို ယူပြီးပြန်လာတော့ စားပွဲပေါ်က ဆတ်သားခြောက်တွေက လျော့သွားပြီး ဘေးမှာလဲ ကျနေတဲ့ အစအနတွေ တွေ့လိုက်ရတယ်... ပထမတော့
ကြွက်တွေ တော်တော်သောင်းကျန်းတာပဲဆိုပြီး အမှု့မဲ့ အမှတ်မဲ့ ထားလိုက်တယ်... နောက်နေ့
ချူး ထမင်းစားမလို့ ထမင်းချိုင့်လေးဖွင့်ပြီး ထုံးစံအတိုင်း အနောက်ထဲကိုဝင်ပြီး ရေခဲသေတ္တာထဲက
လက်ဖက်ရည်ဗူးသွားထုတ်နေတုန်း "ခလွမ်း" ဆိုပြီး အသံကြားလိုက်ရတယ်... အလန့်တကြားနဲ့ အပြေးအလွှား အရှေ့ထွက်လိုက်တယ်... အဲ့မှာပဲ ဝက်သားထည့်ထားတဲ့ ချိုင့် ပြုတ်ကျနေတာ
တွေ့ရတော့တာပဲ... ဝက်သားတွေ ပြန်ရှာတော့လည်း အံ့သြစွာ ရှာမတွေ့တော့ပါဘူးးး
( ဗီယက်နမ် အများစုက ဝက်သားကို အစားများပြီး အမဲသားမစားကြပါဘူးး )

ချူး လည်း သူစားမယ့် ဝက်သားတွေ မရှိတော့ အရမ်းစိတ်ဆိုးသွားတယ်... နေဦး မနက်ဖြန်တွေ့ကြတာပေါ့ဆိုပြီး တေးထားလိုက်တယ်... နောက်တစ်နေ့လည်း ဝက်သားနဲ့ပဲ ထမင်းချိုင့်ထည့်လာခဲ့တယ်... ဒီတစ်ခါတော့ သူစားမယ့်
ဟာကို သက်သက်ဖယ်ပြီး အဖြေထုတ်ဖို့အတွက်ကိုတော့
စားပွဲပေါ်မှာ တင်လိုက်တယ်... နောက်ပြီး အနောက်ဘက်ကို အသာဝင်ပြီး မြင်ရတဲ့ အနေအထားလောက်မှာကွယ်နေလိုက်တယ်... ချူးရဲ့ လက်ထဲမှာလည်း ရဲတွေ သုံးလေ့ရှိတဲ့ ရာဘာတုတ်
ကို ကိုင်ထားတယ်... အဲ့မှာပဲ ချက်ချင်းဆိုသလို တံခါးသံတိုင်တွေကြားထဲက လက်မဲကြီးထွက်လာပြီးတော့ ဝက်သားတုံးကို အတင်းဆုတ်ကိုင်ပြီးယူတော့တာပဲဗျို့... ချူး လည်း ရတဲ့အချိန်ကို
အလကားမထားဘဲ တုတ်နဲ့ လွှဲရိုက်လိုက်တယ်... ချူး ရိုက်လိုက်တာ လိုက်မောင်းနားကိုထိသွားတယ်... ရိုက်လိုက်တဲ့အရှိန်လည်း မသေးဘူးး ဒါပေမဲ့ သားရေသားကို ရိုက်လိုက်သလို ပြန်ပြီး ကန်ထွက်လာတယ်... လက်မဲကြီးလဲ လက်ယိုင်သွားတယ်... ဒါပေမဲ့ ဝက်သားတုံးကတော့ လုံးဝမလွတ်ဘူးဗျို့... ချူးလဲ အနည်းငယ်ထိတ်လန့်သွားပြီး တံခါးကို အတင်းဆွဲပိတ်လိုက်တယ်... အိမ်ရှေ့တံခါးတွေကိုပါ ပိတ်လိုက်တယ်... အနည်းငယ်လုံခြုံသွားသလို
ထင်ရပေမဲ့ မျက်လုံးထဲမှာတော့ လက်မဲကြီးကို မြင်ယောင်ပြီး စိတ်ခြောက်ခြားနေတော့တယ်...
အဲ့ညလည်း ချူးတစ်ယောက် ထမင်းမစားနိုင်တော့ဘဲ စောစောအိပ်ယာဝင်ခဲ့တယ်လေ...

နောက်ရက်တွေလည်း ချူးတစ်ယောက် သူ သတိထားပြီး နေကြည့်တယ်... အိမ်ပတ်ပတ်လည်မှာ
တစ္ဆေ သရဲတွေချည်း ရှိနေတယ်ဆိုတာ သူသတိထားမိလာတယ်... တစ်ခါတလေ..
အနောက်ဘက်မှာ ခွက်လှန်လှောသံတွေကြားနေရတယ်... အနောက်ဖက်ရောက်ပြန်တော့လည်း
အိမ်ရှေ့မှာ လမ်းလျှောက်တဲ့ခြေသံတွေကြားနေရတယ်... လပြည့်ညတွေ ခွေးတွေအူရင်လည်း အိမ်နားက သစ်ပင်တွေရော.. ကျောင်းနားက သစ်ပင်တွေပါ သိသိသာသာကြီးတွေ
ကူးခတ်လှုပ်ရှားနေကြတယ်... ရိုးရိုးတန်းတန်းနေတဲ့အချိန်တွေဆို ဘာမှ မထူးခြားပဲ အသံလောက်ပေးပြီး ခြောက်လှန့်တာ... ဒါမဲ့ အစားစားပြီးဆို သိသိသာသာကြီး သောင်းကျန်းတာ... နောက်တော့ ညဘက်တွေဆို ချူးတစ်ယောက် အပြင်မှာပဲ စားဖြစ်တော့တယ်...
စိတ်အနှောက်အယှက် အရမ်းများလို့လေ... လပြည့်ညတစ်ညတုန်းကလည်း သူ့အလုပ်အတိုင်း ကျောင်းကို တစ်ပတ်ပတ်ဖို့ထွက်လာခဲ့တယ်... ထုံစံအတိုင်း အပင်တွေမှာ ရှဲရှဲ ရှဲရှဲ နှင့်
အနီကောင်တွေ ကူးခတ်နေတာ တွေ့ရတယ်လေ... ဒါမဲ့ အဲ့ကောင်တွေက ဒုက္ခသိပ်မပေးပါဘူးး... တစ်ခါတလေ လမ်းသွားရင် ဝင်ဝင်တိုက်တတ်တာကတော့ အသည်းယားစရာကြီးပါ... ဘာလို့လဲ ဆိုတော့ သူတို့ ဝင်တိုက်သွားတိုင်း နာနာဘာဝတွေရဲ့ ဓါတ်ကြောင့်လားမသိဘူးး ကျောရိုးထဲထိ
စိမ့်ပြီး အေးသွားတာ... ထားပါတော့လေ... ချူး ကျောင်းကို တစ်ပတ်ပတ်ပြီး အိမ်အနားရောက်တော့ ဆံပင်ဖားယားနဲ့ မိန်းမတစ်ယောက် သူ့အိမ်လေးထဲကို ဝင်သွားတာတွေ့လိုက်ရတယ်... ချူး
ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး ဖြစ်သွားတယ်... ချူး စဉ်းစားတယ်... သူဝင်သွားရင် ကောင်းမလား... ဝင်သွား
ပြီးမှ ဘာမှ မတွေ့ရရင်လည်း အခက်တွေ့ဦးမယ်... ဝင်ပြီးမှာ ဘွားခနဲ
အခြောက်ခံရလျှင်လည်း အမှတ်မထင်ဆို ဒုက္ခရောက်ဦးမယ်... မဝင်ဘဲ အပြင်ကနေစောင့်နေရင်ကောင်းမလား စဉ်းစားလိုက်တယ်... ဟုတ်တယ်.. အဲ့ဒါပဲ ကောင်းပါတယ်ဆိုပြီး အပြင်ကနေ အသာလေးစောင့်နေလိုက်တယ်... သူ့အိမ်
လေးမှာ အနောက်မှာ ထွက်ပေါက်မှ မရှိတာ...
ပြတင်းပေါက်တွေကလည်း သံတိုင်တွေနဲ့လေ... လူသာဆို ပြန်ထွက်လာမယ်ဆိုရင်
အိမ်ရှေ့ပေါက်ကပဲ ပြန်ထွက်ရမှာပါ... ချူး အသာလေး စောင့်နေလိုက်တယ်... အပြင်မှာက လေတွေလည်း
တိုက်နေတယ်လေ... လ ကလည်း ထိန်ထိန်သာနေတုန်း တစ်ချက်တစ်ချက်
ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေက တော်ရုံလူအဖို့ နေရာမှာတင်လန့်လောက်ပါတယ်... ဒါမဲ့ ချူးအဖို့ နေ့စဉ်ကြုံတွေ့နေရတာမို့ မထူးတော့ဟာ ဆိုရမလိုပင်... ဒါမဲ့ လေတစ်ချက်အဝှိုက်မှာ
လွင့်လာတဲ့ ပုပ်နံ့လိုလို အနံ့တစ်ခုကြောင့် စိတ်ထဲ မသိုးမသန့်ကြီး ဖြစ်လာရတယ်...
ချူးမှာ စောင့်နေတာ ငါးမိနစ်လောက်တောင် ရှိနေပြီ မထူးခြားသေးတော့ နောက်ထပ် ငါးမိနစ်ဆို
ဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်... စောင့်ရင်းစောင့်ရင်း ဘာမှ ထူးခြားမလာတာနဲ့ အိမ်ထဲကို
ဝင်ဖို့ပြင်လိုက်တယ်... လက်ထဲမှာလည်း တုတ်ကို အသင့်ကိုင်ထားတယ်လေ...
အိမ်နားကို ဖြည်းဖြည်းချင်း ကပ်လိုက်တော့ ခုနက ပုပ်နံ့တွေ ပိုရလာသလိုခံစားနေရတယ်...
ချူးကတော့ တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်... ဟုတ်တယ်... အိမ်ထဲကနေ
ပုပ်နံ့တွေ ထွက်နေတာ... အဲ့ဒါဆို ခုနဝင်သွားတာက... ဟုတ်တယ်.. သူရဲမ ပဲ ဖြစ်လိမ့်မယ်...
ချူး ရဲ့ ရင်ခုံသံတွေ အမြင့်ဆုံးထိရောက်နေပါပြီ... သူရင်ဆိုင်တွေ့ရမှာက နာနာဘာဝနဲ့ မဟုတ်ပါလားးးးး

ချူးလည်း အသက်ကို ဝအောင်ရှုပြီး အိမ်ထဲကို ခြေတစ်လှမ်း စပြီး အရဲစွန့်လိုက်တယ်... အိမ်နောက်ထဲက တချွက်ချွက် အသံတွေ ကြားနေရတယ်... သေချာပါတယ်... အထဲမှာ ရှိနေပြီ... အပုပ်နံ့တွေ လှိုင်ထနေပါတော့တယ်... သူအပြင်မထွက်ခင်အထိ ဘာနံ့မှ မရခဲ့တာပါ... ချူးလည်း အတတ်နိုင်ဆုံး ခြေထောက်ကို အသံမ
ကြားအောင် ဖော့နင်းပြီး အနောက်ဘက်ခန်း တံခါးနားကို ချည်းကပ်လိုက်တယ်... ချူးး အခုမှ သေချာစဉ်းစားမိပြီ... သွားပြီ... ညနေက သမီးလာပို့တဲ့ အသားလုံးကြော်ဘူးး ရေခဲသေတ္တာပေါ်မှာ တင်ထားတာ...
သေချာပြီ... အစားအသောက်ရှိရင် နာနာဘာဝတွေ သောင်းကျန်းတတ်တာလေ... ချူးး လည်း အနောက်ခန်းဘက်သို့ခေါင်းလှည့်ပြီးကဲကြည်လိုက်တယ်... ချူးး အသက်ရှုသံတွေ ရပ်တန့်သွားလောက်အောင် ရူးသွပ်သွားခဲ့သည်... မိန်းမတစ်ယောက် ချူးကိုကျောပေးထားပြီး ခေါင်းကတော့ မပါပေ... သူမရဲ့ခေါင်းကိုတော့ ရေခဲသေတ္တာပေါ်မှာတင်ထားလေသည်... ချူးး လည်း
စွံ့အပြီး ပါးစပ်ကလည်း အော်ချင်ပေမဲ့ အသံလည်းမထွက်တော့ပါ... အာစေးမိနေတဲ့လူတစ်ယောက်လို ကြောင်ကြည့်နေမိတယ်လေ...
တဖြည်းဖြည်းနဲ့ သရဲမက သူခေါင်းကို သူပြန်တပ်ပြီး ဒီဘက်ကို လှည့်လိုက်တဲ့ အချိန်မှာတော့ ချူးး တစ်ယောက်လောကကြီးနဲ့
ခေတ္တ အဆက်အသွယ်ပြတ်သွားလေတော့သည်... အကြောင်းမှာတော့ သရဲမရဲ့ မျက်နှာမှာ မျက်လုံးကလည်း ဟောက်ပက်နှင့်
နီရဲနေသော လျှာမှာ အဆမတန်ရှည်ထွက်လာသောကြောင့်တည်းးး.....

ထိုအဖြစ်အပျက်တွေ ဖြစ်ပြီး တစ်လအကြာမှာတော့ ကျောင်းရဲ့ အခြေအနေတွေ တော်တော်လေးဆိုးဝါးလာခဲ့တယ်လို့ ပြောရမယ့်
အခြေအနေတစ်ခု ဖြစ်လာခဲ့တယ်... ဘာလို့လဲဆိုတော့ ချူးး သတိလစ်ပြီး နေထိုင်မကောင်းခဲ့တာ နှစ်ပတ်တိတိကြာခဲ့တယ်...
ချူးး မရှိတုန်း ချူးး အစားဝင်လုပ်ပေးတဲ့ လုံခြုံရေးတွေ တစ်ညတောင်မခံပဲ ပြန်ပြေးကြတဲ့သူတွေချည်းပဲလေ... အားလုံးက ချူးး
တစ်ယောက်နေအမြန်ပြန်ကောင်းပါစေလို့ပဲ ဆုတောင်းပေးကြသလို.. တစ်ဖက်ကလည်း ကျောင်းမှာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်တွေ
ရွတ်တယ်လို့ ပြောကြပါတယ်... အဲ့ဒီ့နောက်မှာတော့ အခြောက်အလှန့်သိပ်မရှိတော့ပါဘူးးး ဒါမဲ့ ဘယ်သူမှ ချူးး နေရာကို
ဝင်မလုပ်ရဲကြတော့ပါဘူးးး ချူးး လို မကြောက်တတ်တဲ့သူတောင် ဒီလိုတွေ ဖြစ်ခဲ့တော့ အားလုံးက ကြောက်နေကြပါတယ်... ဒီလိုနဲ့
ချူးးး အကောင်းပကတိ နေပြန်ကောင်းတဲ့ တစ်နေ့မှာ အလုပ်ပြန်ဆင်းခဲ့ပါတယ်... ချူးး လည်း အရင်က ဖြစ်ခဲ့တာတွေကို
ခေါင်းထဲမထည့်တော့ပဲ သူ့အလုပ်သူ အေးဆေးပြန်လုပ်ခဲ့ပါတယ်.... အားလုံးကလည်း ချူးး ရဲ့စိတ်ဓါတ်ကို လေးစားကြပါတယ်... ချူးးး
လိုလူ ရှားတယ်မလားးးး
ချူးး အလုပ်ဆင်းခဲ့တာ တစ်လလောက်ထိ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူးးး အားလုံး လည်းစိတ်အေးလက်အေး နဲ့
သက်ပျင်းတွေပဲ ချမိပါတော့တယ်.... ညဘက်တွေဆိုရင်တော့ မှင်စာလို နီရဲရဲကောင်တွေကတော့ ရှိနေဆဲပါပဲ... ဒါမဲ့ သူတို့တွေက
ဒုက္ခမပေးကြပါဘူးးး ချူးး အတွက်လည်း မြင်နေကျဆိုတော့ ရိုးနေပြီလေ... သာမန် မမြင်ဖူးတဲ့သူတွေဆို လန့်ပြီး ပြေးကြမှာပဲလေ...

ဒီလိုနဲ့ နွေရာသီ ကျောင်းတွေ ပိတ်တဲ့ အချိန်တွေကိုရောက်လာခဲ့ပြီလေ... ချူးလည်း သူအရမ်းချစ်တဲ့ မြေးလေးနဲ့ အချိန်ပြည့်တွေ့
လို့ရပြီမလားးး ချူး သမီးလေးက မနက်ဆိုရင် သူ့သားလေးကို အဖေ့ဆီလာပို့လိုက် ညနေကျရင် ပြန်ခေါ်သွားလိုက်နဲ့ အချိန်တွေ ကုန်ခဲ့
တယ်... တစ်နေ့တော့ ချူးး မြေးလေးမှာ ချူးးနဲ့တစ်နေကုန်ဆော့ရတာ ပင်ပန်းလို့ထင်ပါရဲ့... မြေးလေးက အိပ်ချင်တယ်ပြောတာနဲ့
ချူးး လည်းသူ့နေရာမှာ အိပ်ယာခင်းပေးပြီး အိပ်ခိုင်းလိုက်ပါတယ်... မြေးလေးမှာ ခေါင်းချတာနဲ့ တစ်ချိုးတည်း အိပ်ပျော်သွားတော့တာပဲဗျို့... ချူးး မှာ သူ့မြေးလေးကိုကြည့်ပြီး ပြုံးလိုက်တယ်... "မြေးလေး တော်တော်ပင်ပန်းသွားလို့ထင်တယ်"... ချူးး ဆုံးဖြတ်လိုက်တယ်... ဒီည မြေးလေးကို ဒီမှာပဲ သိပ်လိုက်တော့မယ်ပေါ့... ပြီးတော့ သူ့သမီးကို ဖုန်းဆက်လိုက်တယ်လေ... မြေးလေး အိပ်ပျော်နေလို့
ဒီမှာပဲ ညသိပ်လိုက်မယ်ဆိုပြီးလေ... သမီးမှာ အင်းပဲ ပြောလိုက်ရတော့သည်... ဒီလိုညတွေ ချူးး အတွက်ဘယ်လောက်
သွေးပျက်စေခဲ့မလဲဆိုတာ ချူးး သိခဲ့လျှင်.....

ချူးး တစ်ယောက် ထုံးစံအတိုင်း သူ့တာဝန်တွေ အကုန်လုပ်ပြီးတာနဲ့ စောစော အိပ်ယာဝင်ဖို့ပြင်လိုက်တယ်... မြေးလေး လည်းရှိနေတာကြောင့် သူစောစောအိပ်မယ် ဆုံးဖြတ်ခဲ့တာပါ... ကျောင်းကိုလည်း သူနှစ်ပတ်လောက်ပတ်ပြီးပြီလေ... ဒီလိုနဲ့ သူအိပ်ယာဝင်ခဲ့ပါတယ်.. မြေးလေးရဲ့ ပါးကိုနမ်းလိုက်တော့ မြေးလေးလန့်သွားတယ်ထင်ပါရဲ့ မျက်နှာကို ရှုံ့ပြီး ဟိုဘက်ဆောင်းပြီး အိပ်ပျော်သွားပြန်တယ်လေ... ချူးး လည်း ပြုံးပြီး မျက်လုံးစုံမှတ်လိုက်တယ်... ပတ်ဝန်းကျင် အခြေအနေကတော့
အားလုံးတိတ်ဆိတ်နေပါတော့တယ်... ဒါတွေက မုန်တိုင်းမလာခင် လေပြေတွေနဲ့ ငြိမ်သက်နေတာတွေ ချူးး တကယ်မသိခဲ့တာပါ...
ချူးးလည်း ဟိုဟိုဒီဒီတွေ တွေးပြီး အိပ်ပျော်သွားခဲ့ပါတော့တယ်... အိပ်မက်ထဲမှာတောင် ချူးးတစ်ယောက် သူ့မြေးလေးနဲ့ ဆော့ရင် ပြုံးပျော်နေပါတော့တယ်... ချူးး တစ်ယောက် မြေးလေးကိုတော့ တော်တော်ချစ်ရှာပါတယ်... အိပ်မက်တွေလည်းစုံလင်ရှည်လျှားစွာ
ချူးး တစ်ယောက် အိပ်မက်တွေ မက်နေပါတော့တယ်... ဒါမဲ့ အိပ်မက်တစ်ခုမှာ ထူးဆန်းစွာပင် ချူးးနဲ့ မြေးလေး ကစားနေတုန်း
မိန်းမတစ်ယောက်က ကျောင်းဆောင်ကြီးရဲ့ လေးထပ်လောက်ကနေ
မြေးလေးကို လှမ်းခေါ်နေပါတယ်... မြေးလေးကလည်း
မိန်းမကြီးခေါ်တဲ့ ဆီကို ပြေးပြီးကျောင်းပေါ်ကို တက်သွားလေတော့သည်... ကျောင်းပေါ်ကို မြေးလေးလှမ်းလိုက်တာနဲ့ ကြည်လင်နေတဲ့နေရောင်တွေ ချက်ချင်းဆိုသလို အုံမှိုင်း မှောင်မဲသွားပါတော့တယ်... ချူးး လည်း ကျောင်းပေါ်အပြေးအလွှား တက်လိုက်ပါတော့တယ်...

အဲ့မှာပဲ ချူးး ခြေခေါက်ပြီး လှေခါးမှာချော်လဲသွားပါတော့တယ်....

အပြင်မှာလည်း ချူး တစ်ယောက် အိပ်မက်ထဲကနေ လန့်နိုးသွားပါတော့တယ်... ဒီလောက်ဆိုးတဲ့ အိပ်မက်ကိုမှ ဘာလို့မက်ရတာလဲ တွေးလိုက်မိတယ်... အသက်ဝအောင်ရှုလိုက်ပြီး ပြန်အိပ်ဖို့လုပ်လိုက်တယ်... မျက်လုံးမှိတ်မိမှ သူသတိရတယ်... သူ့မြေး သူနဲ့အတူတူအိပ်ခဲ့တာလေ...
ဘေးမှာ မြေးမရှိတော့... ချူး ခေါင်းနားပန်းတွေကြီးသွားတယ်... ငါ့မြေး ဘယ်ရောက်သွားတာလဲ... အရူးလို
ရေရွတ်လိုက်မိတယ်... အိမ်သာသွားတာလား ဆိုပြီး အိမ်သာလည်းရှာကြည့်တယ်... မတွေ့ပါ... ကုတင်အောက်တွေ ရှာကြည့်ပြန်ပါတယ်... မတွေ့ပါဘူးးး ဒါဆို အိပ်မက်က ဘာလဲ... ချူးး စဉ်းစားမရအောင်ဖြစ်သွားတယ်... ရူးလည်းရူးချင်နေပြီ... ချူးး အပြေးအလွှား အိမ်အပြင်ကိုထွက်လိုက်တယ်... အပြင်မှာ အားလုံးတိတ်ဆိတ်နေကြတယ်... မြေးရဲ့ အရိပ်အရောင်ကို အခုထိ မတွေ့ရသေးပါ... ချူးး အရူးလို အိမ်ပတ်ပတ်လည်ကို ရှာလိုက်တယ် မတွေ့ရပါ... ထိုစဉ် ကျောင်းဆောင်အဟောင်းဘက်မှ ခွေးအူသံ
ဆိုးရွားစွာထွက်လာတယ်... ချူးး အလိုလို ကျက်သီးတွေ ဖြန်းဖြန်းထသွားတယ်... ကြံရာမရဘဲ အိပ်မက်ထဲက
ကျောင်းဆောင်အဟောင်း ဘက်ကိုခြေဦးလှည့်လိုက်ပါတော့တယ်... ကျောင်းကို ရေးရေးလေးတွေ့နေရပါပြီ... မလှမ်းမကမ်း လေးလွှာလောက်မှာ လှုပ်ရှားမှုကိုတွေ့လိုက်ရတော့ ချူးး ရင်ခုန်နှုန်းတွေ မြန်သွားတယ်... အနားကိုရောက်အောင်
အမြန်သွားပြီး ကြည့်လိုက်မှ သွေးပျက်စရာကောင်းလောက်အောင် ချူးး အံ့အားသင့်သွားခဲ့ရလေ... လေးထပ် ဝရန်တာမှာ
သူ့မြေးမှသူ့မြေးပါ... မမှားပါဘူးးး ညနေက ဝတ်ထားတဲ့ အဖြူရောင်အင်္ကျီလေးနဲ့... ဟုတ်ပါတယ်... သူ့မြေးမှ မြေးအစစ်ပါ...
မြေးလေး လက်ကိုင်ထားတဲ့ မိန်းမက ဘယ်သူလဲ... အိပ်မက်ထဲက မိန်းမပုံစံအတိုင်းပါလားးး "ဘယ်ကမိန်းမလဲ... ငါ့မြေးကို လွှတ်စမ်း"
ချူးး အရူးတစ်ယောက်လို အော်ဟစ်လိုက်တဲ့အသံက တိတ်ဆိတ်နေတဲ့ ညဥ့်ကို ထိုးခွဲလိုက်သလို ကွဲအက်အက်ကြီးထွက်လာတယ်...
ဝရန်တာမှာ လက်ကိုကိုင်ပြီး ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော မြေးလေးရော.. ဟိုမိန်းမပါ ရပ်သွားကြသည်... ချူးး လည်း သူတို့
ရပ်သွားတော့ ထပ်ပြီး အော်လိုက်ပြန်ပါတယ်... "ငါ့မြေးလက်ကို အခုလွှတ်ပေးပါ.. နင်က ဘယ်သူလဲ" ချူးး အသံမှာ ဟိန်းဟိန်းထသွား
ပါတယ်... ထိုအချိန် မိန်းမကြီးရော မြေးလေးပါ သူ့ဘက်ကို လှည့်လာပါတော့တယ်... ချူးး မှာ အောက်ကကြည့်ရတာမို့လို့လားမသိ
မိန်းမကြီး မျက်နှာကိုလည်း မတွေ့ရပါ... မြေးလေး မျက်နှာကိုလည်း မတွေ့ရပါ... မျက်နှာတွေအားလုံးး မဲမဲမှောင်နေပါတယ်...
အတန်ကြာအောင် ချူးး ကိုကြည့်ပြီး ပြန်လှည့်ထွက်သွားပါတော့တယ်... ချူးး လည်း သူပြောတာမရသောကြောင့် ဒေါသထွက်သွားပါတော့တယ်...

အဲ့ဒါကြောင့် ချူးး မှာကျောင်းပေါ်သို့ ဒေါသတကြီး ပြေးတက်လိုက်ပါတော့တယ်... အဲ့ချိန်မှာပဲ ချူးး မှာ အိပ်မက်ထဲကလို ခြေခေါက်ပြီး
ချော်ကျပါတော့တယ်... ချူးး အရာအားလုံးအတွက် အံ့သြရလေတော့တယ်... သူ့အိပ်မက်တွေထဲက အတိုင်းတွေ
ဘာလို့ဖြစ်နေရတာလဲ... ချူးး မှာနာနေတဲ့ ခြေထောက်နှင့်ပင် အတင်းထကာ လေးလွှာကိုပြေးတက်လိုက်တယ်... လေးလွှာ ဝရန်တာကို
ရောက်တော့ ဟိုးအရှေ့ပိုင်းတွင် ခပ်ပြပြလမ်းလျှောက်နေတာတွေ့နေရပါတယ်... ချူးး လည်း အတင်းပြေးလိုက်ပါတော့တယ်...
မြင်ရလောက်တဲ့ အနေအထားလောက်တွင် ရှေ့မှ လမ်းလျှောက်နေသော မြေးလေးနှင့် မိန်းမမှာ ထောင့်ချိုးတစ်ခုထဲသို့ ချိုးဝင်သွားတာတွေ့လိုက်ရပါတော့တယ်... ချူးး မှာ ပိုပြီး စိတ်တိုသွားရတော့တယ်... သူပြောနေတာ သောက်ဂရုမစိုက်ဘူးကိုးးး... ချူးး လည်း မှီအောင် ပြေးလိုက်ပါတော့တယ်... လမ်းချိုးလေးဘက်ကိုရောက်တော့ ချူးး စဉ်းစားရ ခက်သွားပါတော့တယ်... ဘာကြောင့်လဲဆိုတော့
စာကြည့်တိုက်ရယ်.. စတိုခန်းရယ် ဒါပဲရှိတာမို့လို့ပါ... အပြင်ထွက်ပေါက်ဆိုတာမရှိပါဘူးးး အခန်းတွေကလည်း မှောင်မဲနေပါတယ်...
ချူးး မှာ သူ့မြေးလေး နာမည်ကို အော်ခေါ်လိုက်ပါတယ်... ဒါမဲ့ ဘာတုန့်ပြန်မှုမှ မရှိပါဘူးးး ချူးး လည်း ဘောင်းဘီ အိပ်ကပ်ထဲမှ
ဇစ်ပို မီးခြစ်ကို ဖွင့်ပြီး အမှောင်ထဲဝင်သွားလေတော့တယ်... ချူးး ရဲ့လမ်းလျှောက်သံမှလွဲပြီး ဘာသံမှ မကြားရပါ... ထိုစဉ် စာကြည့်
တိုက်ဘက်မှ ကျွီခနဲ မြည်သံကြားလိုက်ရပါတယ်... ချူးး လှမ်းအော်လိုက်ပါတယ်... "အထဲမှာ လူရှိလားး လူရှိရင် ပြန်ပြောပါ"...
ချူးး ပြောရုံရှိသေးတယ် လက်ထဲမှ မီးရောင် တစ်ယောက်ယောက်က လေနဲ့လာမှုတ်သလို ချက်ချင်းမီးငြိမ်းသွားတယ်... ဘာဆိုဘာမှ မမြင်ရတော့ပါဘူးး... ထိုစဉ် ချူးး ရှေ့ဘုတ်ကနဲ အရာတစ်ခုလွင့်လာပါတယ်... ချူးး လက်ထဲက မီးခြစ်ကို ထပ်ခြစ်ပြီး
မီးရောင်တောက်လာတော့ ကြည့်လိုက်ပါတယ်... ချူးး လုံးယ အံ့အားသင့်သွားပါတော့ တယ်... ချူးး ရှေ့မှာရှိနေတာက ချူးး
အခန်းထဲမှာထားခဲ့တဲ့ ချူးး သုံးနေကျ ဖုန်းထည့်တဲ့ အိတ်ကလေးပါ... နေ့လည်ကတောင် မြေးလေးယူဆော့တာတွေ့သေးတယ်... သေချာကြည့်လိုက်တော့ ဖုန်းထည့်တဲ့ အိပ်လေးမှာ သွေးစတွေ စွန်းထင်းနေပါတယ်... ချူးး လည်း မြေးလေးကို
အရမ်းစိတ်ပူသွားပါတယ်...
လက်ထဲမှ မီးခြစ်ရဲ့ အလင်းရောင်နဲ့ စာကြည့်တိုက်ဘက်ကို ဝင်ရောက်လိုက်ပါတယ်... မှောင်မဲနေသော အမှောင်ထုကို
မီးခြစ်ရဲ့ အလင်းရောင်လေးမှာ မထိုးခွဲနိုင်ပဲ သဲ့သဲ့သာ မြင်နေရပါတယ်... စာကြည့်တိုက်အခန်းတံခါးဖွင့်ထားတာတွေ့သောကြောင့် ချူးး
အထဲကို ခြေလှမ်းလိုက်ပါတယ်... ထိုစဉ် ဝှစ်ကနဲ လေဖြတ်တိုက်သံနဲ့အတူ ရင်ထဲကို စိမ့်နေအောင်ခံစားလိုက်ရပါတယ်... လက်ထဲမှ
မီးရောင်လည်း ဟုတ်ကနဲဆို ငြိမ်းသွားပြန်ပါတော့တယ်... တစ်ပြိုင်နက်မှာပဲ ချူးး ရဲ့လက်ကို အေးစက်စက်အရာတစ်ခုက
လာထိနေတာ ချူးး လက်မှာလည်း တွန့်ကနဲဆို နောက်သို့ဆုတ်မိလိုက်ပါတော့တယ်... ချူးး လည်းကဗျာကရာ မီးခြစ်ကို ကောက်ခြစ်
လိုက်ရပါတယ်... တော်တော်နှင့်ခြစ်မရပဲ ငါးခါမြောက်ကျမှ မီးထတောက်ပါတော့တယ်... မီးခြစ်လေးမြှောက်ပြီး ကြည့်လိုက်ပါတယ်...

ဘာမှ မတွေ့ရပါဘူးးး ဒါဆို ခုနက လာထိတဲ့ အေးစက်နေတဲ့ အရာကြီးကဘာလဲ... ချူးး တွေးရင်း
စိတ်တွေ ခြောက်ခြားလာပါတော့တယ်...
ထိုစဉ် စတိုခန်းဘက်မှ ညီးသံ သဲ့သဲ့ကြားနေရပါတော့တယ်... ချူးး လည်း ကျက်သီးတွေ ဖြန်းဖြန်းထပြီး
ခေါင်းနပန်းတွေကြီးသွားပါတယ်... သေချာပါတယ်... သူ့ကို သရဲခြောက်နေပါပြီ... ထိုအသိဝင်လာသည်နှင့် ချူးး အခန်းထဲက ပြေး
ထွက်ရန်ပြင်လိုက်ပါတယ်... ပြေးလို့ စာကြည့်တိုက်အခန်းဝနား ရောက်ရုံရှိသေးတယ်.. တစ်ယောက်ယောက်က ဆောင့်တွန်းလိုက်သလို
ရှေ့ကို ဝမ်းရားထိုးကြီး ဗိုင်းကနဲ ပစ်လဲပါတော့တယ်... ချူးး တော်တော်နှင့်ပြန်မထနိုင်အောင်ဖြစ်သွားတယ်... အဲ့အချိန်မှာပဲ
မိန်းမတစ်ယောက်ရဲ့ ကွဲအက်အက်ရယ်သံကို ချူးး အနောက်ဘက်ကနေကြားနေရတယ်... ချူးး အားယူပြီး အနောက်ပြန်
လှည့်ကြည့်လိုက်တော့ ဆံပင်ဖားယားနဲ့ မိန်းမရဲ့ လက်ကို ကိုင်ထားသော သူ့မြေးပုံစံ ကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်...

အမှောင်ထဲမှာ ကျင့်သားရနေပြီဖြစ်သောကြောင့် ချူးး ကောင်းစွာတွေ့လိုက်ရပါတယ်... ချူး အားယူပြီး ပြေးမယ်လုပ်တော့
အေးစက်နေသော လက်တစ်စုံက ချူးး ခြေထောက်ကို ဆွဲထားပါလေတော့တယ်... ချူးး လည်း မြေးကို သတိမရနိုင်တော့ပဲ
အတင်းရုန်းပြီး ပြေးထွက်လိုက်ပါတော့တယ်... အနောက်တွင် ဘာတွေဖြစ်နေမလဲ သူမသိချင်တော့... သူသိတာ တစ်ခုက အခုသူ ဒီ
ကျောင်းရဲ့ အပြင်ကိုရောက်အောင် ပြေးဖို့ပဲ ဖြစ်လေတော့သည်...
တက်လာခဲ့တဲ့ လှေကားအတိုင်းပြေးဆင်းခဲ့လေရာ အောက်နားရောက်ကာနီး လှေကားကနေ ချူးး ခြေချော်ကာ ပြုတ်ကျပြန်ပါတယ်...

သူအလာတုန်းက ခြေလျော်လဲခဲ့တဲ့နေရာမှာပဲ... ဘာကြောင့် အဲလိုတွေ ဖြစ်နေတာလဲ တော့ မသိပေမဲ့ ကျောင်းအပြင်ဘက်သို့ ပြေးထွက်
လိုက်ပါတော့တယ်... ကျောင်းအပြင်ရောက်တော့ အနားမှာရှိတဲ့ ဆိုင်တွေက လူတွေကို ချူးး အတင်းအော်နှိုးပါတော့တယ်... ချူးး အသံ
ကြောင့် အနားကအိမ်တွေနဲ့ ဆိုင်ထဲမှာ အိပ်နေကြတဲ့သူတွေ ထွက်လာပါတော့တယ်... ဘာဖြစ်ကြတာလဲ အားလုံးမေးကြတဲ့အချိန်မှာ
ချူးး မျက်ရည်တွေ စီးကျလာပြီး "ကျွန်တော့်မြီးလေး ကျောင်းထဲမှာ ပျောက်နေပါတယ်ဗျာ.. ဖြစ်နိုင်ရင် အားလုံးကူပြီး ရှာပေးကြပါ...
လေးထပ်အဆောင်နားမှာတော့ ကျွန်တော့်မြေးလေးနဲ့ တူတဲ့ ကောင်လေးနဲ့ မိန်းမကြီးတစ်ယောက် အတူတူတွေ့ခဲ့ပါတယ်... သူတို့က
လူတွေမဟုတ်ကြဘူးး သရဲတွေပါဗျာ... ကျွန်တော့် မြီးလေးလည်း အသက်ရော ရှိသေးရဲ့လားမသိဘူးး" ပြောရင် မျက်ရည်ကြီးငယ်ကျပြီး
ချူးး မှာပျော့ခွေလဲကျသွားပါတော့တယ်... အားလုံးလည်း ဘာပြန်ပြောရမှန်းမသိ... ဘာလုပ်ပေးရမှန်းမသိ ဖြစ်သွားလေတော့တယ်...
ကျောင်းထဲကိုလည်း ဘယ်သူမှ မဝင်ရဲကြပါဘူးးး လောလောဆယ် ချူးး မှာ မေ့လဲသွားသောကြောင့် အနားကလူတွေ ရဲခေါ်သူကခေါ်..

လူနာတင်ယာဉ်ဖုန်းဆက်သူကဆက်နဲ့ အနားကလူတွေ အလုပ်တွေ ရှုပ်ကုန်ပါတော့တယ်... ချူးးမှာလည်း ခြေထောက်တွေမှာ ဒဏ်ရာ
တွေပေပွနေပါတော့တယ်... သို့သော် ကျောင်းထဲကိုတော့ မည်သူမှ မဝင်ရောက်ရဲခဲ့ကြပါပေ.....။ ( တစ်ခန်းရပ် )

ဇာတ်လမ်းရဲ့ နိဂုံးး...
ဒီဇာတ်လမ်းတစ်ခုလုံးရဲ့ အားလုံးရော.. ချူးး ရော မသိလိုက်ရတဲ့ အချက်မှာ ချူးး ရဲ့မြေးလေးသည် ညဘက် အပေါ့သွားချင်တာနဲ့
အဖိုးကို မနှိုးပဲ အိမ်ရှေ့မှာ ထွက်ပြီး အပေါ့စွန့်ခဲ့ပါတယ်... အဲ့အချိန်မှာပဲ သူ့ရဲ့ အမေက ထူးဆန်းစွာ ကျေင်းဆောင်ဘက်ကနေ
ရောက်လာပြီး "သားလေးလာ.. ကျောင်းဆောင်ဖက်ကိုသွားမယ်" ဆိုပြီး ခေါ်တာနဲ့ ကောင်လေးမှာ အမေအမှတ်နှင့် အူကြောင်ကြောင်
လေး လိုက်သွားပါတော့တယ်... ကောင်လေး ပါးစပ်ဖျားကတော့ "မေမေ သားကြောက်တယ်.. မသွားချင်ဘူးး" ဆိုပြီး ပြောနေခဲ့တာပါ...

တကယ်တော့ ကောင်လေးရဲ့ အမေမဟုတ်ပါ... ကျောင်းစောင့် သရဲမက ကလေးကို ခြောက်လှန့် ကျီစယ်ဖို့ ခေါ်သွားခဲ့တာပါ...
ကျောင်းဆောင် ပထမထပ်လည်ရောက်ရော... သရဲမမှာ "သား ဒီမှာကြည့်စမ်း" ဆိုပြီး သူ့ရဲ့ မျက်တွင်းဟောက်ပက် လျှာတန်းလမ်းနှင့်
ပုံကို ပြလေတော့ ကလေးမှာ ငယ်သံပါအောင်အော်ပြီး နောက်ကိုဆုတ်လိုက်တော့ လှေကားကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားပါလေတော့တယ်... အောက်ကို ပြုတ်ကျလေသော ကလေးမှာ ဦးခေါင်းမှ သွေးတွေဖွာကျပြီး
အသက်ကင်းမဲ့သွားလေတော့တယ်... ဒီလောက်ထိ အခြောက်ကြမ်းတယ်ဆိုတာ သူငယ်ချင်းတို့ ယုံပါလေစ... ဒါပေမဲ့ အပြစ်မဲ့တယ့်ကလေးတစ်ယောက်တော့ တကယ်လွင့်ကြွေခဲ့ပါတော့တယ်... ဘယ်သူ့အပြစ်ရယ်လို့တော့ ပြောလို့မရပေမဲ့ သနားစဖွယ် ကောင်လေး
မှာ အသက်ကင်းမဲ့သွားလေတော့တယ်...
သူငယ်ချင်းတို့ သတိထားမိလားမသိဘူးးး ချူးး လှေကားမှာ ခဏခဏခြေချော်လဲတာလေ... အဲ့ဒါ ကောင်လေးက သူသေခဲ့တဲ့နေရာကို
သူ့အဖိုးကို ပြောပြနေတာပါ... ဒါမဲ့ ချူးး သတိမထားမိခဲ့ပါဘူးး... ချူးး ရဲ့ ဖုန်းထည့်တဲ့ အိပ်ကလေးး ကိုလည်း ချူးး မြင်အောင်
ပြခဲ့ပေမယ့်လည်း ချူးး သတိမထားမိခဲ့ပါဘူးးး စာကြည့်တိုက်ထဲမှာ ချူးး ရဲ့လက်ကို ကိုင်ခဲ့တာလည်းး သူ့မြေးလေးပါပဲ... နောက်ဆုံး
အချိန်အထိ ချူး ခြေထောက်ကို ဆွဲပြီး မသွားဖို့ တားခဲ့တာလည်း ချူးး ရဲ့ သေသွားပြီဖြစ်တဲ့ မြေးလေးပါပဲ... နောက်ဆုံး အချိန်အထိ
ချူးး သိအောင် မြေးလေးမှာ ပြောပြလေရှာပါတယ်... တကယ်သနားစရာကောင်းတဲ့ မြေးလေးပါ... ဘာမှ အပြစ်မရှိဘဲ သေခဲ့ရတာပါ...
ခြောက်ခဲ့တဲ့ သရဲမမှာလည်း သူနေလို့မရအောင် အရင်တစ်ခေါက်က ပရိတ်ရေတွေနဲ့ပက် ပရိတ်တွေရွတ်ခဲ့တာတွေကြောင့် ပြန်လက်စား
ချေလေသလားတော့ မသိတော့ပါ... အခုတော့ အပြစ်မရှိတဲ့ သူတွေထိခိုက်ကုန်ရပြီ.....။

ကျောင်းဝန်းတစ်ခုလုံးလည်း ရဲတွေ၊ မီဒီယာတွေ နှင့် ရှုတ်ရှက်ခတ်နေပါတော့တယ်... လှေကားထောင့်လေးမှာ
မှောက်ရက်သားလေး အသက်ပျောက်နေသော ကလေးတစ်ယောက်... ဘေးမှာလည်း ပတ်ပတ်လည် ကာထားသောရဲတွေ၊ ဓါတ်ပုံ တဖျက်ဖျက်ရိုက်နေသောလူတွေ၊ ကလေးရဲ့ မိခင်ဖြစ်လေသော ချူးး ရဲ့သမီးတို့နဲ့ ကြေကွဲစရာ ပြကွက်တစ်ခုဖြစ်တည်နေပါတော့တယ်...

တစ်ဖက်တွင်လည်း ချူး တစ်ယောက် သတိပြန်လည်လာတဲ့ အနေအထားသို့ရောက်ရှိလာခဲ့ပါတယ်... ချူးး အနားတွင်လည်း ရဲတွေ
ဆရာဝန်တွေ စောင့်နေကြတာ ချူးး ခပ်ရေးရေး မြင်နေရတယ်... ချူးး မှာအားယူပြီး ဘေးမှရဲကိုမေးလိုက်တယ်... "ကျွန်တော့် မြေးလေး
ကိုတွေ့ကြလားဟင်... ကျွန်တော် မြေးလေး ဘယ်မှာလဲ ဟင်"... အရူးတစ်ယောက်လိုမေးနေသော ချူး ကို ရဲမှာ စိတ်မရှည်စွာနှင့်
"ခင်ဗျား မြေးလေး မနေ့ကတည်းက အသက်မရှိတော့ဘူးး ခင်ဗျားဘာမှ မသိဘူးလား" လို့ ပြန်မေးလေတော့ ချူးး မှာ ယူကြုံးမရစွာ
မျက်ရည်တွေ ကျဆင်းလာပါတော့တယ်... သူ့မှာ မျက်ရည်ကျရုံကလွဲပြီး ဘာတတ်နိုင်ဦးတော့မှာလဲ.....။ ။

သုံးလကြာပြီးနောက်...
ကျောင်းရဲ့ အခြေအနေ အားလုံးပုံမှန်ပြန်ဖြစ်သွားပါပြီ... ကျောင်းမှာ သောင်းကျန်းနေတဲ့ သရဲမကိုလည်း ဘုန်းကြီးတွေပင့်ပြီး
အပြီးနှင်ထုတ်ခဲ့တယ်လို့ ပြောကြပါတယ်... ဘုန်းကြီးတွေ ဝိုင်းနှင်တာကြတာတောင် တော်တော်လေးနှင်ခဲ့ရတယ်လို့ ပြောပါတယ်...
သရဲမ ကျောင်းမှာရှိနေတာ နှစ်ပေါင်း ၂၀ ကျော်ပြီတဲ့လေ... အဲ့ဒါကြောင့် တော်တော်နဲ့နှင်မရခဲ့တာပါ... ချူးး လည်း တရားခွင်တွေရောက်
စစ်မေးတာတွေ ခံလိုက်ရပါတယ်... ချူးး မှာ သူ့မြေးလေးအတွက် ယူကြုံးမရဖြစ်ခဲ့ရပါတယ်... သူသာ မြေးလေးကို ခေါ်မအိပ်ခဲ့ရင်
သူ့မြေးလေး ဒီလိုအဖြစ်ဆိုးတွေ ကြုံရမှာ မဟုတ်ဘူးလေ... အခုတော့ ပြီးခဲ့သမျှတွေ နောင်တရရုံမှ တစ်ပါးးးးး။ ။ ။

ADMIN =) Htut Htet