ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် နေရာမှာ ယာယီ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် Niwatthamrong Bungsongphaisan ဒီကနေ့မှာ ခန့်အပ်

ပို့စ်တင်ချိန် - 5/07/2014 08:58:00 PM


ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ် နေရာမှာ ယာယီ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်အဖြစ် Niwatthamrong Bungsongphaisan ဒီကနေ့မှာ ခန့်အပ်လိုက်ပါတယ်။

အာဏအလွဲသုံးစားမှု စွဲချပ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေခုရုံးက ကြားနာ စစ်ဆေးပြီး မစ္စ ယင်လတ် အပါအ၀င် ၀န်ကြီး ၉ ဦးကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုရုံး ဆုံးဖြတ်ချက်အရ ယင်လတ်ဟာ နိုင်ငံရေး လုပ်ပိုင်ခွင့် ၅ နှစ် ပိတ်ပင် ခံရမှာ ဖြစ်ပါတယ်။ ယင်လတ် ဖယ်ရှားခဲ့တဲ့ မစ္စတာ Thawil ကိုလည်း မူလူ ရာထူးဖြစ်တဲ့ ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ တာဝန်ကို ပြန်လည် ပေးအပ်လိုက်ပါတယ်။

ယင်လတ်ကတော့ သူ့အစိုးရက တိုင်းပြည်ကို ရိုးရိုးဖြောင့်ဖြောင့်ပဲ အုပ်ချုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ယင်လတ် အစိုးရကို ဆန့်ကျင် ဆန္ဒုပြတဲ့ သူတွေကတော့ ဖွဲ့စည်းပုံ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။

Photo Ref: Bangkok Post
DVB TV News