အစ္စလာမ်မစ်ဥပဒေသစ်ကြောင့်ဘရူနိုင်းဘုရင်ပိုင်ဟိုတယ်များကိုသပိတ်မှောက်ရန် နာမည်ကျော်များ တောင်းဆို

ပို့စ်တင်ချိန် - 5/07/2014 07:18:00 AM


ဘရူနိုင်းနိုင်ငံတွင် ဆူလ် တန်ဘုရင်က အပြစ်ပေးပုံပြင်း ထန်ပြီး အငြင်းပွားဖွယ်ရာဖြစ်နေ သည့် အစ္စလာမ်မစ်ရှာရီးယား ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ဘရူနိုင်း ဘုရင်နှင့် ဆက်နွှယ်နေသည့် ဟိုတယ်များအား သပိတ်မှောက် သွားရန် Virgin Group ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေးရစ်ချတ်ဘရန်ဆန် အပါအဝင် နာမည်ကျော်အနုပညာရှင်များက တိုက်တွန်းပြောကြားသည်။

‘‘ဆူလ်တန်ဘုရင်ဘက်က အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာခြင်းမရှိသရွေ့ ကျွန်တော်တို့ရဲ့ ဘယ်ဝန်ထမ်း၊ ဘယ်မိသားစုဝင်ကမှ ဒေါ်ချက် စတာဟိုတယ်တွေမှာ တည်းခို နေထိုင်ခြင်း ပြုတော့မှာမဟုတ်ပါ ဘူး’’ဟု ဗြိတိသျှသူဌေး ဘရန်ဆန်က တွစ်တာလူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ရေးသားသည်။

ဘရူနိုင်းဘုရင်ပိုင် ဟိုတယ် များကို သပိတ်မှောက်ရန် တောင်းဆိုထားသည့် အခြားအနုပညာရှင် များတွင် ဟာသသရုပ်ဆောင် စတီဗင်ဖရိုင်း၊ ရုပ်သံတင်ဆက်သူ ရှာရွန်အော့စ်ဘွန်း၊ ဟာသပညာ ရှင် အယ်လင်ဒီဂျင်နာရတ်စ်တို့ ပါဝင်ကြသည်။

အမေရိကန်မှ အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့ Femi-nist Majority Foundation က လည်း နှစ်စဉ်ချီးမြှင့်သည့် ဂလိုဘယ် အမျိုးသမီးအခွင့်အရေး ဆုပေးပွဲများကို ဘရူနိုင်းဘုရင်နှင့် ဆက်နွှယ်သော ဘီဗာလေဟေးဟိုတယ်တွင် ကျင်းပမည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

ဒေါ်ချက်စတာဟိုတယ်များ အုပ်စုကို သက်ဦးဆံပိုင် ဘရူနိုင်း ဘုရင်၏ ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံတော်ရန်ပုံငွေဖြင့် တည် ထောင်ထားသော ဘရူနိုင်းရင်းနှီး မြှုပ်နှံမှုအေဂျင်စီက ပိုင်ဆိုင် သည်။

ယခုကဲ့သို့ အနောက်တိုင်း အနုပညာရှင်များဘက်မှ သပိတ် မှောက်ရန် ကြေညာခဲ့မှုများနှင့် ပတ်သက်၍ စုံစမ်းမှုများကို ဘရူ နိုင်းအစိုးရနှင့် ဒေါ်ချက်စတာ ဟိုတယ်အုပ်စုများဘက်က ပြန် လည်ဖြေကြားခြင်းမရှိပေ။

ဘရူနိုင်းနိုင်ငံတွင် ရှေးခေတ် အစ္စလာမ်မစ်ဥပဒေအတိုင်း အုပ် ချုပ်သည့်စနစ်ကို ပြီးခဲ့သည့် သီတင်းပတ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ် သည်။

ဥပဒေတွင် ပထမအဆင့် အရေးယူမှုများ၌ သောကြာနေ့ ဗလီတက်ရန် ပျက်ကွက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မလျော်ကန်သည့် အပြုအမူများ အပါအဝင် စော်ကားမှုများကို ဒဏ်ငွေ (သို့ မဟုတ်) ထောင်ဒဏ်ချမှတ်ရန်၊ ဒုတိယအဆင့်တွင် ခိုးမှု၊ ဓားပြ တိုက်မှုနှင့် လုယက်မှုများကို နံရိုး ချိုးခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကဲ့ သို့ ပြစ်ဒဏ်များပေးရန် ပါဝင် သည်။

ထို့အပြင် ဥပဒေတွင် လိင်တူဆက်ဆံမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများကို ကျောက်တုံး များဖြင့် ပစ်ပေါက်သတ်ဖြတ်စေ ခြင်း စသည့် ပြင်းထန်သည့် ပြစ်ဒဏ်ပေးပုံများ ပါဝင်သည်။

7Days Daily