ခိုးမှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်စစ်ဆေးခဲ့ရာမှ နေအိမ် ပြူတင်းပေါက်များကိုဖွင့်ကာ အတွင်းမှပစ္စည်းများကို ၀ါးလုံးတုတ်ဖြင့် ချိတ်ဆွဲ၍ခိုးယူခဲ့သည့်အမှုများ ထပ်မံပေါ်ပေါက်

ပို့စ်တင်ချိန် - 5/07/2014 09:10:00 PM


ရန်ကုန်၊ မေ ၇

၁၉.၃.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မဖြူဖြူအောင်သည် မိသားစုနှင့်အတူအိပ်ယာဝင်ခဲ့ပြီး ၂၀.၃.၂၀၁၄
ရက်နေ့ ၀၄၀၀အချိန် အိပ်ယာမှနှိုးစဉ် အိပ်ခန်းတံခါးဘောင်တွင် ချိတ်ထားသော လက်ကိုင်အိတ်မှာပွင့်နေပြီး ပြူတင်းပေါက်တံခါးမှာ
လည်း အနည်းငယ်ပွင့်နေသည်ကို တွေ့ရ၍ စစ်ဆေးကြည့်ရာ
လက်ကိုင်အိတ်အတွင်းထည့်ထားသော ငွေကျပ်(၁၀၀၀၀)နှင့်
ရွှေဆွဲကြိုး(၁)ကုံး၊ ရွှေလက်ကောက်(၂)ကွင်း၊ ရွှေလက်စွပ်(၁)ကွင်း၊
ရွှေဟန်းချိန်း(၂)ခု၊ ရွှေနားကပ်(၁)ရံ၊ ကျောက်စိမ်း(၃)လုံး၊ ရွှေဖြတ်စ
(၁)ခု၊ လက်ပတ်နာရီ(၁)လုံးနှင့် လက်ကိုင်ဖုန်း(၁)လုံး၊ စုစုပေါင်း
တန်ဖိုး ငွေကျပ်(၁၈၉၀၈၀၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို
တွေ့ရှိရသဖြင့် အရေးယူးပေးရန်တိုင်တန်းချက်အရ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်
ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ
ဌာနစုမှတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ ခိုးမှုဖြင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူဇော်လတ်၊ (၄၁)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၁၀၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူမှာ အမှုမှပါဆုံး
သွားသည့် ရွှေထည်ပစ္စည်းများကိုဝတ်ဆင်၍ လက်ကိုင်ဖုန်းကို
အသုံးပြုနေကြောင်း စုံစမ်းအတည်ပြုရရှိသဖြင့် ၁၉.၄.၂၀၁၄ ရက်နေ့ ၁၈၀၀အချိန်တွင် ၎င်း၏နေအိမ်သို့ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ပါသည်။

၎င်းအား စစ်ဆေးခဲ့ရာ ၂၀.၃.၂၀၁၄ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် တစ်ရပ်ကွက်တည်းနေ ရွှေအိုးစည်နှင့်အတူ အခင်းဖြစ်နေအိမ်
အတွင်းသို့ဝင်ရောက်ကာ ပစ္စည်းများခိုးယူခဲ့ခြင်းဖြစ်ကြောင်း
ပေါ်ပေါက်ခဲ့သဖြင့် အမှုမှပါဆုံးသွားသည့် သက်သေခံငွေ၊ ဖုန်းနှင့်
ရွှေထည်ပစ္စည်း၊ တန်ဖိုးငွေကျပ်(၁၈၉၀၈၀၀)ကို ပြန်လည်
သိမ်းဆည်းနိုင်ခဲ့ပါသည်။

ဆက်လက်၍ ၎င်းအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိ
စစ်ဆေးခဲ့ရာ ၎င်းနှင့် ရွှေအိုးစည်းတို့(၂)ဦးသည် ယင်းနေ့ညပိုင်းတွင် အဆိုပါအမှုအားမကျူးလွန်မီအချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ A-3 လမ်းအတွင်းရှိ မြေညီထပ်တိုက်ခန်း
(၁)ခန်း၏ပြူတင်းပေါက်မှ လက်နှိုက်ကာ မှန်တင်ခုံတွင်တင်ထား
သော SAMSUNGအမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးနှင့်
ငွေကျပ်(၁၂၀၀၀)တို့ကိုခိုးယူခဲ့ကြကြောင်း ပေါ်ပေါက်သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၄၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး သက်သေခံ
ပစ္စည်းများပြန်လည်သိမ်းဆည်းခဲ့ပါသည်။

အမှုများတွင် အတူပါဝင်ကျူးလွန်သူ ရွှေအိုးစည်(ခ)ထွန်းဇော်၊
(၂၃)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ (၁၀၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)
မြို့နယ်နေသူကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၁.၄.၂၀၁၄ရက်နေ့ ၁၃၃၀ အချိန်တွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ရွှေအိုးစည်(ခ)ထွန်းဇော်နှင့် ဇော်လတ်တို့(၂)ဦးအား အခြားခိုးမှုများနှင့်ပတ်သက်၍ တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦး
သည် ၂၀၁၄ ခုနှစ်၊ မတ်လအတွင်းက ညပိုင်းအချိန်များတွင် ဒဂုံ
မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စစ်တောင်းအိမ်ရာရှိ မြေညီထပ်တိုက်ခန်း
တစ်ခန်း၏ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိ မောင်နှံခုနှစ်ဖော်
ရွှေလက်စွပ်(၁)တွဲနှင့် လက်စွပ်(၁)ကွင်းတို့အား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ (၃)လမ်း၊ (စီ)ဘလောက်ရှိ မြေညီထပ်
တိုက်ခန်းတစ်ခန်း၏ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိ လက်ပတ်
နာရီ(၁)လုံးအား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်း၊
ဧပြီလအတွင်းက ညအချိန်များတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာရှိ မြေညီထပ်တိုက်ခန်းတစ်ခန်း၏
ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိSAMSUNG အမျိုးအစား
လက်ကိုင်ဖုန်း(၁)လုံးကို လက်ဖြင့်အပြင်မှနှိုက်၍ခိုးယူခဲ့ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စစ်တောင်းအိမ်ရာရှိ မြေညီထပ်
တိုက်ခန်းတစ်ခန်း၏ ပြူတင်းပေါက်အားဖွင့်ကာ အတွင်းရှိရွှေဆွဲကြိုး
(၁)ကုံးအား ၀ါးလုံးတုတ်ဖြင့် အပြင်မှချိတ်ဆွဲခိုးယူခဲ့ကြောင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း
ရှိ မြေညီထပ်တိုက်ခန်းတစ်ခန်း၏ပြူ တင်းပေါက်အားဖွင့်ကာ
အတွင်းရှိ LENOVO အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးကို လက်ဖြင့် အပြင်မှနှိုက်၍ခိုးယူခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၁၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ -၃၈၀/၅၄
ဖြင့်အမှုဖွင့်လှစ်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး ၎င်းတို့
(၂)ဦးကို ထပ်မံအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
ပါသည်။


Yangon Police