ဒေါ်လာ တစ်သန်းကျော်တန်သည့် ရွှေများ ရှာဖွေတွေ့ရှိ

ပို့စ်တင်ချိန် - 5/07/2014 02:05:00 PM


ရိုက်တာ

ဖီလာဒဲလ်ဖီးရား၊ မေ ၆

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ပင်လယ်ရေ မျက်နှာပြင်အောက် ရှားပါးပစ္စည်းများ စုဆောင်းရှာ ဖွေရေး ကုမ္ပဏီမှ သမိုင်းဝင်အတ္တလန်္တိတ်သမုဒ္ဒရာရှိ သင်္ဘောပျက်အားရှာဖွေစဉ် ကာလတန်ကြေး အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၃သန်း တန်ကြေးရှိ ရွှေ ၁၀၀၀ အောင်စကို တွေ့ရှိခဲ့ရသည်ဟု မေလ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ သင်္ဘောပျက်အား အခြားကုမ္ပဏီတစ်ခုမှ ပြန်လည်တူးဖော်မှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် မှ စတင်၍ ရှာဖွေတူးဖော်ခဲ့ခြင်း မရှိတော့ကြောင်း Tempa-based Odyssey Marine ပင်လယ် ရေ အောက်ရှာဖွေရေးကုမ္ပဏီက မေလ ၅ ရက်က ပြောကြားသည်။ သင်္ဘောမှာ ၁၈၅၇ခုနှစ်တွင် ရွှေ ၂၁တန် နှင့်အတူ ကယ်ရိုလိုင်းနားတောင်ဘက်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘဏ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်။

တူးဖော်ရရှိခဲ့သော ရွှေများတွင် ရွှေချောင်း ငါးချောင်းနှင့် ၁၈၅၇ ခုနှစ်က ဆန်ဖရန်စ္စကိုနှင့် ၁၈၅၀ ခုနှစ် ဖီ လာဒဲလ် ဖီးရားမြို့တွင် ရိုက်နှိပ်သည့် ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးပြား နှစ်ပြား ပါဝင်ခဲ့သည်။ ရွှေချောင်းများ၌ ထုတ်လုပ်သူ၏ တံဆိပ်ဖြစ်သော “assay-mark”ကို ရိုက်နှိပ်ထားပြီး ၉၆ ဒသမ ၅ ထရိုင် အောင်စမှ ၃၁၃ ဒသမ ၅ ထိ အလေးချိန် ရှိသည်။

ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင်ဒင်္ဂါးမှာ စုဆောင်းသူများထံတွင် ဒေါ်လာ ၅၀၀၀ တန်ကြေးရှိကြောင်းOdyssey ကုမ္ပဏီ၏ အရာရှိချုပ် မက်ခ်ဂေါ်ဒွန်က ပြောကြားခဲ့သည်။

Mizzima Burmese