မန္တလေးတွင် (၄)လ အတွင်း မီးလောင်မှု (၁၀၅) ကြိမ်ဖြစ်ပွား၊ ပျက်စီး ဆုံးရှုံးမှု ကျပ် သန်းပေါင်း (၆၀) ကျော် အထိရှိ

ပို့စ်တင်ချိန် - 5/07/2014 02:05:00 PM


မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ပထမ လေးလတာ ကာလ အတွင်း မီးလောင်ကျွမ်းမှု ဖြစ်စဉ် (၁၀၅) ကြိမ်ဖြစ်ပွား ခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုမှာ ကျပ်သန်းပေါင်း ၆၀ကျော် (ကျပ်ငွေ ၆၈၈၁၉၄၅၀)အထိ ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီး သတ်ဦးစီးဌာနမှ သတင်းရရှိ သည်။

မီးလောင်မှု ဖြစ်စဉ် တွေကို ကြည့်ရင် တော့ ပေါ့ဆမီးက အများဆုံးပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းကတော့ လျှပ်စစ်ဝါယာရှော့ခ် ကြောင့် ဖြစ်တာ ပိုများလာတာတွေ့ရတယ်”” ဟု မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger သတင်းစာ သို့ ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း (၁၅) ကြိမ်၊ ဖေဖော် ၀ါရီလအတွင်း (၂၄) ကြိမ်၊ မတ်လ အတွင်း (၂၄) ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး၊ ပြီခဲ့သည့် ဧပြီလအတွင်းက မီးလောင်ကျွမ်းမှု (၄၂) ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဌာန၏ မှတ်တမ်းများအရ သိရသည်။ လက်ရှိအချိန်တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်း မီးသတ်ယာဉ်ပေါင်း အစီး (၂၀၀) ကျော်ရှိကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန ဗဟို ၏ထုတ်ပြန်ချက်များအရ သိရ သည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၃ ခုနှစ် အတွင်း မီးလောင်ကျွမ်းမှု (၂၄၈) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ကျပ်သန်းပေါင်း (၁၂၂၇) သန်း ကျော် ဆုံးရှုံးခဲ့ကာ ယခင်နှစ်က မီးလောင် ကျွမ်းမှု အများဆုံး တိုင်းဒေသကြီး ဖြစ်ခဲ့သည်။ လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် တွင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့ နယ်အသီးသီး အတွက် မီးသတ်ကား (၃၁) စီးနှင့် ရေသယ်ယာဉ် အစီး (၄၀) စုစုပေါင်း ယာဉ် (၇၁) စီးကို ၀ယ်ယူနိုင်ရန် တင်ပြ ထားကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြီးခဲ့သည့် န၀မအကြိမ်တိုင်း ဒေသကြီး လွှတ် တော် ပုံမှန်အစည်းအဝေး တွင် ပြောကြားထားခဲ့သည်။
The Messenger