သမ္မတအိုဘားမား၏ သမီးများ စီးနင်းလာသည့် ယာဉ်တန်း အား နောက်ယောင်ခံသည့် ယာဉ်မောင်းအား ဖမ်းမိ

ပို့စ်တင်ချိန် - 5/07/2014 06:57:00 PM


ဝါရှင်တန် မေ ၇

ယမန်နေ့က အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမား၏ သမီးနှစ်ဦးကို တင်ဆောင်လာသော ယာဉ်တန်းကို ကားတစ်စင်း ကနေ နောက်ယောင်ခံလိုက်သည့်အတွက်
မောင်းနှင်သူကို အိမ်ဖြူတော်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။ သမ္မတလုံခြုံရေး ကို တာဝန်ယူ ထားရသော လျှို့ဝှက်ဌာနမှ ပြောကြားချက်အရ အဆိုပါကားသည် အိမ်ဖြူတော်မှ ၂၀၀ မီတာ အကွာခန့်တွင် ရှိသော လုံခြုံရေးယာဉ် ကို ဖြတ်ကျော်ပြီး ယာဉ်တန်းနောက်မှ နောက်ယောင်ခံ လိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


အသက် ၅၅ နှစ်အရွယ်ရှိသော ယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားမ၀င် ကျူးကျော်မှုနဲ့ စွဲချက်တင်ခဲ့ ကြောင်း လျို့ဝှက်လုံခြုံရေး ဌာန ပြောရေးဆိုခွင့်ရှိသူ အက်ဒ၀င် ဒိုနိုဗန်က ပြောကြားသည်။ လိုက်ပါ လာသော အဆိုပါယာဉ်ကို ယူနီဖောင်း ၀တ်ဆင်ထားသော အရာရှိများက တားမြစ်ခဲ့ပြီး စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။


သမ္မတအိုဘားမား၏ သမီးနှစ်ဦး ဖြစ်သော မာလီယာနှင့် ဆာရှာတို့ ကျောင်း မှ အိမ်သို့ပြန်လာရာ လမ်းကြောင်းတွင် ယခုလို ယာဉ်တစ်စင်း က နောက်ယောင်ခံ လိုက်ခြင်းလည်း ဖြစ်ကြောင်း အိမ်ဖြူတော်က AFP သို့ ပြောကြားသည်။ ယာဉ်မောင်းနှင်သူကို ပြစ်ဒဏ်မချခင် နေ့လည်ပိုင်းတွင် အိမ်ဖြူတော်ရှိ သတင်းထောက်များသည် တစ်နာရီ ကြာသည့်တိုင်အောင် အဆောက်အဦး၏ အပြင်ဘက်ကို ထွက်ခွင့်မရခဲ့ကြကြောင်း သိရှိရသည်။

Translation : AFP
MOI Webportal Myanmar