အခွန်ငွေပေါင်း ကျပ် ၃၅၈၂ ဘီလီယံရ၊ စည်းကြပ်ပုံအသစ်လာပြီ

ပို့စ်တင်ချိန် - 5/07/2014 07:14:00 AM


ပြီးခဲ့တဲ့ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ထဲမှာ အခွန်ဝင်ငွေ စုစုပေါင်း ကျပ်ငွေ ၃၅၈၂ ဘီလီယံ ရရှိခဲ့ပြီး အခု ဘဏ္ဍာနှစ်သစ်မှာတော့ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ စတင်အသက်ဝင်မှာဖြစ်တယ်လို့ မေလ ၆ရက်နေ့မှာ အကောက်ခွန်ဌာနက ပြောလိုက်ပါတယ်။ နှစ်သစ်မှာ စည်းကြပ်ပုံအသစ်က ဘာလဲ။

အရင်က ဝင်ငွေ ၁၂သိန်းကျော်တာနဲ့ အခွန်စကောက်ပေမယ့်အခုတော့ သိန်း ၂ဝကနေ ၅ဝအတွင်းဆို ၅%၊ သိန်း ၅ဝကနေ ၁ဝဝအတွင်းဆို ၁ဝ%၊ သိန်းတစ်ရာကနေ နှစ်အတွင်းဆို ၁၅%၊ သိန်းနှစ်ရာကနေ သုံးရာအတွင်း ၂ဝ%နဲ့ ၃ဝဝအထက်ကို ၂၅%ကောက်သွားမှာပါလို့ ဆိုပါတယ်။

အခြေခံသက်သာခွင့်၊ အိမ်ထောင်ဖက်ရှိသူတွေအတွက်နဲ့ သားသမီးရှိသူတွေအတွက်ဆိုပြီး ပြောင်းလဲပြင်ဆင်ခဲ့သလို ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း သိန်း ၁၅ဝကျော်မှ စကောက်မှာဖြစ်ပြီး ကုန်ပစ္စည်း ၆ဝကို အခွန်ကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်ကို အားပေးမယ်လို့ ဆိုပါတယ်။

အခွန်ပေးဆောင်တာ ပျက်ကွက်ရင်တော့ ပျက်ကွက်မှုအလိုက်ကို ရာခိုင်နှုန်းနဲ့ ပေးဆောင်ရမှာဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁အရ ဆောင်ရွက်မှာဖြစ်တယ်လို့ မေလ ၆ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

Kamayut Media