လက်ကိုင်ဖုန်းနှင့် လက်စွပ် မဝယ်ပေး၍ ကြိုးဆွဲချသေဆုံး

ပို့စ်တင်ချိန် - 5/07/2014 12:31:00 PM




မေ ၄ ရက် ညနေ ၄ နာရီခွဲခန့်က မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ ရဲအုပ်သန်းနိုင်နှင့်အဖွဲ့သည် ဖဆပလ ရပ်ကွက်ရှိ တိုက်ခန်း တစ်ခုတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း သတင်းအရသွားရောက် စစ်ဆေး ခဲ့သည်။ သေဆုံးသူမှာ အသက် ၃၄ နှစ် အမျိုးသားဖြစ်ပြီး လွန်ခဲ့သော သုံးလခန့်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ခဲ့ပြီး လက်ကိုင် ဖုန်းနှင့် ရွှေ လက်စွပ် တစ်ကွင်း ဝယ်ယူပေးရန် တောင်းဆိုခဲ့သည်။

မိခင်ဖြစ်သူက ဝယ်မပေး သဖြင့် စိတ်ဆိုးကာ ပလက်စတစ်ကြိုးကိုအသုံးပြုပြီး ကြိုးဆွဲချသေဆုံး ခဲ့ခြင်းဖြစ်သည်။ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း က သေမှုသေခင်း အမှတ်စဉ်၁၃/၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

MOI Webportal Myanmar