အလီဘာဘာမှ အများပြည်သူပိုင် အစုရှယ်ယာများ ရောင်းချရန် စာရင်းတင်

ပို့စ်တင်ချိန် - 5/07/2014 02:48:00 PM


တရုတ် အင်တာနက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် အလီဘာဘာသည် အမေရိကတွင် အများပြည်သူပိုင် အစုရှယ်ယာများကို ရောင်းချရန် အတွက်
စာရင်းတွင်သွင်းခဲ့ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး စာရင်းများတွင် တစ်ခု အပါအဝင် ဖြစ်လာမည် ဖြစ်သည်။

စာရင်တင်သွင်းထားမှု၌ ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၁ ဘီလျံသို့ မြှင့်တင်ရန် ပြောဆိုခဲ့သော်လည်း ၎င်းပမာဏမှာ အထွေထွေ ကုန်ကျ
စရိတ်များကို တွက်ချက်ထားသည့် ပမာဏသာ ရှိသေးသည်။ လေ့လာဆန်းစစ်သူများမှ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ကျော်မည် ဖြစ်ကြောင်း
ခန့်မှန်းထားကြသည်။

အလီဘာဘာ ကုမ္ပဏီမှ ၎င်းတို့ ရောင်းချမည့် ရှယ်ယာပမာဏနှင့် ရှယ်ယာဈေးနှုန်းကို ကြေငြာမှု မရှိသေးပေ။ Nasdaq နှင့် Newyork မည်သည့်
စတော့အိတ်ချိန်းတွင် စာရင်းသွင်းသွားမည်ကိုလည်း မသိရှိရသေးပေ။

လွန်ခဲ့သော ၁၅ နှစ်က မစ္စတာ ဂျက်မမှ တည်ထောင်ခဲ့သည့် ကုမ္ပဏီသည် တရုတ်ရှိ အင်တာနက် စီးပွားရေးလုပ်ငန်းများတွင် လွှမ်းမိုးနိုင်သော ကုမ္ပဏီ
တစ်ခုဖြစ်ခဲ့ပြီး ယခုအချိန်၌ နိုင်ငံအတွင်း အွန်လိုင်းပေါ်တွင် လက်လီရောင်းချသည့် အကြီးဆုံးသော ကုမ္ပဏီ ဖြစ်သည်။

အများပြည်သူပိုင် အစုရှယ်ယာများ ရောင်းချရန် စာရင်းတင်သွင်းရမှုကြောင့် ကဏ္ဍအတွင်း အဓိက ကုမ္ပဏီအဖြစ် နှစ်ပေါင်းများစွာ လုပ်ဆောင်နေသော
ကုမ္ပဏီ၏ ဘဏ္ဍာရေး အခြေအနေများကို ရင်းနှီးမြှုပ်နှံသူများမှ လေ့လာခွင့် ရရှိခဲ့သည်။

၂၀၁၃ ဒီဇင်ဘာကို အဆုံးသတ်အဖြစ် သက်မှတ်သည့် ကိုးလတာ ကာလအတွင်း လုပ်ငန်းမှ ပြန်လည် ရရှိငွေ အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံဖြစ်ပြီး
အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂.၉ ဘီလျံကို ရရှိထားသည်။

စာရင်းဇယားများအရ ပြီးခဲ့သော နှစ်အတွင်းက အလီဘာဘာ၏ ကဏ္ဍမျိုးစုံတွင် ရောင်းချခဲ့သော အားလုံးသော ကုန်စည်များ၏ တန်ဖိုးမှာ အမေရိကန်
ဒေါ်လာ ၂၄၈ ဘီလျံဖြစ်ပြီး အမှာစာပေါင်း ၁၁.၃ ဘီလျံကို လက်ခံရရှိခဲ့သည်။

တရုတ်နိုင်ငံအတွင်း မိုဘိုင်းစီးပွားရေး လုပ်ငန်းတွင်က ၇၂ ရာခိုင်နှုန်း ပမာဏကို တာဝန်ယူဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ ပြောဆိုချက်အရ သိရှိရသည်။

ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အလီဘာဘာ ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း အောင်မြင်မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ ပမာဏဖြင့် ဆောင်ရွက်နိုင်မည်ဟု
မျှော်လင့်လျက် ရှိပြီး အစုရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း လေ့လာဆန်းစစ်သူများမှ ပြောဆိုခဲ့ကြသည်။

စတော့ရှယ်ယာများ လုံခြုံရေးနှင့် လဲလှယ်မှု စောင့်ကြည့်ရေး ကော်မရှင်သို့ အလီဘာဘာ ကုမ္ပဏီ၏ စာရင်းတင်သွင်းမှုကို လပေါင်းများစွာ လေ့လာဆန်းစစ်ရန်
အချိန်ယူရမည်ဖြစ်ပြီး ၎င်းပြီးနောက်မှ စတော့ရှယ်ယာ စာရင်းသွင်းနိုင်မည် ဖြစ်သည်။

အလီဘာဘာ ကုမ္ပဏီ၏ အစုရှယ်ယာ ၂၂.၆ ရာခိုင်နှုန်းကို Yahoo မှ ပိုင်ဆိုင်ထားပြီး ၃၄ ရာခိုင်နှုန်းကို ဂျပန်၏ ဆက်သွယ်ရေး ကုမ္ပဏီ Softbank မှ
ပိုင်ဆိုင်ထားသည်။

Ref: BBC
The Myanma Age