စကားများရန်ဖြစ်ခဲ့သည်ကိုမကျေမနပ်ဖြစ်ပြီး အစ်ကိုဖြစ်သူမှ ၀ါးလုံးပိုင်းဖြင့် ရိုက်နှက်ခဲ့၍ ညီဖြစ်သူ သေဆုံး

ပို့စ်တင်ချိန် - 5/07/2014 07:04:00 PM


ရန်ကုန်၊ မေ ၇

၆.၅.၂၀၁၄ ရက်နေ့ ၀၆၄၅ အချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊
ဝါးတရာကျေးရွာနေ ဦးကျော်ငွေမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ သားကြီးဖြစ်သူ စန်းမောင်မှာ ရောက်ရှိလာပြီး
နေအိမ်ပေါ်သို့ နောက်ဖေးပေါက်မှတက်သွားကာ အိမ်ပေါ်တွင်
ထိုင်နေသူ အတူနေသားငယ်ဖြစ်သူ ၀င်းရွှေ၏ ရင်ဘတ်ကို ၀ါးလုံးပိုင်းဖြင့်(၁)ချက်ရိုက်နှက်ခဲ့ကြောင်း၊ ပြီးနောက်စန်းမောင်
မှာ နေအိမ်ပေါ်မှဆင်းသွားပြီး လမ်းမပေါ်မှနေ၍ ၀င်းရွှေအား စိန်ခေါ်နေခဲ့ကြောင်း၊ ၀င်းရွှေမှာရိုက်နှက်ခံခဲ့ရသဖြင့် ၀ဲဘက်
ရင်အုံ၌ ဖူးရောင်ဒဏ်ရာရရှိကာ သတိမရဖြစ်နေပြီးနောက်
သေဆုံးသွားခဲ့ကြောင်း၊ သားဖြစ်သူများဖြစ်ကြသည့် စန်းမောင်နှင့်
ဝင်းရွှေတို့မှာ ၅.၅.၂၀၁၄ ရက်နေ့က နေအိမ်ရှေ့လမ်းမပေါ်တွင် အရက်မူးကာစကားများကြစဉ် ၀င်းရွှေမှ စန်းမောင်အားလက်သီးဖြင့်
ထိုးခဲ့သည့်ကိစ္စအပေါ် စန်းမောင်မှမကျေနပ်ဖြစ်ကာ ယခုကဲ့သို့
ကျူးလွန်ခြင်းဖြစ်ကြောင်းနှင့် စန်းမောင်အား အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ တက်သစ်နယ်မြေရဲစခန်း (ပ)၇၀/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စန်းမောင်၊ (၄၀)နှစ်၊
(ဘ)ဦးကျော်ငွေအားဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police