တရုတ်နှစ်သစ်ကူးဆိုတာ

ပို့စ်တင်ချိန် - 1/30/2014 05:32:00 PM




တရုတ်နှစ်သစ်ကူးသည် တရုတ်လူမျိုးများအဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်သည်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီးတိုက်ရိုက်ဘာသာပြန်လျှင်
နွေဦးရာသီပွဲတော် ဟုခေါ်သည်။

တရုတ်အသိုင်းအ၀ိုင်းများကြားကျင်းပဆင်နွှဲလေ့ရှိသော နှစ်သစ်ကူးပွဲတွင်
နှစ်ဆန်း ၁ ရက်နေ့ မတိုင်မီ တစ်နှစ်အတွင်း မကောင်းသည့် အရာများ အညစ်အကြေးများကို ဆေးကြောရှင်းလင်းကာ အိမ်တံခါး တစ်ဖက်တစ်ချက်
နှင့် အပေါ်တွင် လာဘ်လာဘကောင်းစေသော စာများပါသည့် စက္ကူနီများ ကပ်ကာ တန်ဆာဆင်ကြသည်။ ထို စက္ကူများကို 春聯 (ချွန်းလျန်) ဟုခေါ်သည်။

ထို့ပြင် လူကြီးများက ကလေးများအား နှစ်သစ်မှာ ကျန်းမာချမ်းသာစေဖို့ ရည်ရွယ်ပြီး အန်ပေါင်း (ဟုမ်ပေါင်း) ပေးလေ့ရှိသည်။

တရုတ်ရိုးရာအယူအဆအရ ယခုနှစ် (၂၀၁၄) ဟာ မြင်းနှစ် လို့ဆိုပါတယ်။

>> REF: my.wikipedia <<
သုတဘဏ်