ငါ့အဖေခင်းတဲ့လမ်းပေါ်မှာ ငါမသိဘဲ တရားပွဲလုပ်ရကောင်းလား?

ပို့စ်တင်ချိန် - 1/30/2014 06:00:00 PM


မည်သူတွင် ဥပဒေကြောင်းရာအရ အပြစ်ရှိသနည်း????????
၁။ နှစ်စဉ်ကျင်းပနေကျဖြစ်သော တရားပွဲကို ကျင်းပခွင့်ပေးသော ရပ်ကွက်အုပ်ချုပ်ရေးမှူး လော?
၂။ နှစ်စဉ်ကျင်းပနေကျဖြစ်သော တရားပွဲကို ကျင်းပရန်ဆန္ဒရှိစွာ ကျင်းပခွင့်တောင်းခံသော ရပ်ကွက်သူ/သားများ လော?
၃။ တရားဟောကြားတော်မူသော ဆရာတော် လော?
၎။ ယဉ်ကျေးမှုမရှိသော ယဉ်ကျေးမှုဝန်ကြီးဌာနမှ လူကြီးတစ်ဦး၏ သားဖြစ်သူ အင်တာနက် မင်းသားလေး လော?
၅။ အရေးယူပေးပါရန်ဟု မြို့မရဲစခန်းတွင် တိုင်ကြားလာသော ရပ်ကွက်သူ/သား များ လော?
၆။ လူကြီးသားသမီးဖြစ်နေ၍အမှုဖွင့်ရန် မသင့်ဟူပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကူအညီတောင်းခံသောမြို့မရဲစခန်းမှူး လော?
၇။ မိမိတိုး၏ချစ်လှစွာသော သားလှရတနာ အင်တာနက်မင်းသားလေး ဒုက္ခရောက်မည်ကိုစိုး၍ သက်ဆိုင်ရာအထက် ပုဂ္ဂိုလ် တို့ထံ အကူအညီတောင်းခံသော မိဘနှစ်ပါး လော?
အထက်ပါ “လော?” ပေါင်းများစွာ၏ဖြစ်စဉ်ကို တင်ပြရသော……….
လွန်ခဲသော စနေနေ့ ၂၅.၁.၂၀၁၄ နေ့ ကစတင်ရမည်ဖြစ်သည်။ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဇေယျာခေမာ လမ်းတွင် နှစ်စဉ်ကျင်းပနေကျဖြစ်သော ရပ်ကွက် တရားပွဲ တွင် လမ်းပိတ်ဆို့ခြင်းမှ အစပြုကာ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အကြီးအကဲတစ်ဦး၏သားဖြစ်သူသည် အရွယ်နှင့်မလိုက်အောင် လမ်းပိတ်ဆို့နေမှုအပေါ်တွင် ရမ်းကားစွာ ပြောဆိုသွားခဲ့ပါ သည်။ အဆိုပါလမ်းမှာ လည်း သူ၏ဖခင်ဖြစ်သူတစ်ဦးတည်းမှ ကွန်ကရစ်ထပ်ပိုးလွှာခင်းပေးထားသော အလှူရှင်ဖြစ်သဖြင့် ယခုလမ်းတွင် အဆိုပါတရားပွဲများကို ကျင်းပလိုလျှင် သူ့ထံတွင် ခွင့်တောင်းခံမှု ပြုလုပ်စေချင်သော ပြုမူပြောဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သူ့ထံသို့ လာတွေ့ရန် ကြမ်းကြမ်းတမ်းတမ်း စကားများပြောဆိုကာ ကားကို မောင်းထွက်သွား ခဲ့ပါသည်။
ရပ်ကွက်သူ/သားများကလည်း မိမိတို့၏ လမ်းအလှူရှင်တစ်ယောက်၏သားဖြစ်သဖြင့် ဂရုဏာသက်စွာ မည်သို့မျှ တုံ့ပြန် ပြောဆိုခြင်းမပြုခဲ့ကြပါ။ သို့ရာတွင် စိတ်ထဲမှာတော့ ကိုယ်စီ ကိုယ်စီ မခံချင်စိတ်လေးများတော့ ဖြစ်ပေါ်ခဲ့သည်မှာ မုတ်ချ မသွေမည်ပေသည်။
နောက်နေ့ ည တနင်္ဂနွေနေ့ ၂၆.၁.၂၀၁၄ နေ့တွင်လည်း ယမန်နေ့က ကဲ့သို့ပင် အလားတူ လာရောက်ပြောဆို လာသဖြင့် ရပ်ကွက်သူ/သားများမှာ သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီး၊ သက်ဆိုင်ရာ မြို့နယ် မြို့မရဲစခန်းသို့သွားရောက်တိုင်တန်းမှုများ ပြုလုပ်ခဲ့ကြသည်။ မြို့နယ် မြို့မ ရဲစခန်းမှ တာဝန်ရှိသူ စခန်းမှူးမှ ထုံးစံအတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း လေချိုသွေး နှစ်သိမ့်ခဲ့ပြီး ပြန်လွှတ်လိုက်ပါသည်။ စခန်းမှူးလည်း မည်သို့ဆောင်ရွက်ရမည်ကို ချက်ချင်းဆုံးဖြတ်ရန် ခက်ခဲလိမ့်မည်ဟု စာရေးသူမှ ယုံကြည်ပါသည်။ တစ်ဖက်က ဆည်မြောင်းညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါ်စန္ဒာခင်တို့၏ တစ်ဦးတည်းသော သား အင်တာနက်မင်းသားလေး ကိုကျော်သက် နှင့် ကျန်တစ်ဖက်က ရပ်ကွက်တွင်းရှိ ရပ်ကွက်သူ/သားများ၊ ပါတီတစ်ချို့မှ ပါတီဝင်များ ဖြစ်နေသည့်အတွက် မြို့နယ်အုပ်ချုပ် ရေးမှူးထံ အကြံဥာဏ်တောင်းခံရသည့်အခြေအနေသို့ဆိုက်ရောက်လာပါသည်။
အဲ့ဒီကမှတစ်ဆင့်နောက်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူး မှ အမှတ် (၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို စတင် အပြစ်ပြော ဆူပူ ပါလေတော့သည်။ “တရားပွဲကို မည်သည့်အတွက်ကြောင့်လမ်းပေါ်တွင်ကျင်းပရသနည်း” တဲ့…..
ကောင်းကြသေးရဲ့လား အရပ်ကတို့။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုလို ရပ်ကွက်တွင်းလမ်းများပေါ်တွင် တရားပွဲများ ကျင်းပနေသည်မှာ လက်ချိုးရေတွက်၍မရနိုင်လောက်အောင်များပြားသည်ကို စာဖတ်ပရိတ်သတ်များလည်း သိရှိပြီးဖြစ်မှာ ပါ။
သို့ပါသောကြောင့် စာဖတ်ပရိတ်သတ်တို့မှအထက်ပါမေးခွန်များဖြစ်သော လော? (၇) ခု မေးမြန်းထားသည့်အနက် ဘယ် နံပါတ်သည် မှန်ုပါသနည်း၊ Comment လေးတွင် ဖြေပေးလိုက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အရေးယူခြင်းမယူခြင်းကိစ္စကိုတော့ သက်ဆိုင်ရာ လူကြီးမင်းများ တာဝန်ယူလိမ့်မည်ဟု ထင်မြင်မိပါကြောင်း တင်ပြလိုက်ရ ပါသည်။
ယဉ်ကျေးမှုမတိမ်ကောစေလိုသူတစ်ဦး

Myanmar CNN မှ တင်ဆက်သည်