နိုင်ငံသားမှတ်ပုံတင်ကဒ်နှင့်အိမ်ထောင်စုစာရင်း အိမ်တိုင်ရာရောက်ဆောင်ရွက်ပေး

ပို့စ်တင်ချိန် - 1/30/2014 08:00:00 AM



မကွေး ဇန်န၀ါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိကျေးရွာများတွင် (အိမ်တိုင်ရာရောက်) တစ်အိမ် တက်ဆင်း စနစ်ဖြင့် မှတ်ပုံတင်နှင့် မွေးတိုး/သေဆုံး အိမ်ထောင်စု စာရင်းများကို ဇန်န၀ါရီလ(၂၀)ရက် နေ့မှစ၍ ခရိုင်နှင့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ ၀န်ထမ်းများမှ လိုက်လံ ဆောင်ရွက်ပေး လျက်ရှိသည်။

Door to Door(အိမ်တိုင်ရာရောက်)တစ်အိမ်တက်ဆင်း one stop servicc စနစ်ဖြင့် မကွေးမြို့နယ် အတွင်းရှိ မကြီးကန်ကျေးရွာ၊နွားကူးကျေးရွာတို့တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိရာ၊ ယင်းကျေးရွာမှ နိုင်ငံသားကဒ်မှတ်ပုံတင် ပြုလုပ်လိုသူများအား တစ်ဦးလျှင် ၀န်ကြီးဌာနမှ သတ်မှတ် ထားသော ငွေ(ခြောက်ကျပ်)ဖြင့် ပြု လုပ် ပေးလျက်ရှိပြီး၊ အိမ်ထောင်စု စာရင်း များတွင် မွေးတိုး စာရင်းများ တိုးပေးခြင်း၊ သေဆုံးသူပယ်ဖျက်ပေး ခြင်း၊တို့ကို အခမဲ့ ဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် ယခု လိုမျိုး(ရုံးချုပ်)က အထူး စီမံချက် ဟာ လ၀က သမိုင်းမှာ ယခင်ကမရှိခဲ့ပါဘူး၊ ဒီစီမံ ချက်ကြောင့် တိကျတဲ့ လူဦးရေ စာရင်းရရှိပြီး နိုင်ငံသား အရည်အချင်း ရှိသူတိုင်း နိုင်ငံသား ကတ်ပြား လက်ဝယ်ပိုင် ဆိုင်ခွင့်ကို ပြည်သူများ အတွက် အချိန် မကုန်၊ စားရိတ်မကုန်ဘဲ လုပ်ငန်းခွင် မပျက်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါ တယ်ခင်ဗျာ။ ဒီစီမံ ချက်က ခရိုင် တစ်ခရိုင်မှာ တစ်မြို့နယ်သာ အစမ်း အဖြစ်(စံပြ)စစ်ဆေးကောက်ခံပေးရ မယ်လို့ ညွှန်ကြားထား သော်လည်း မြိုနယ်အားလုံးကို ဒီလိုဆောင်ရွက်ပေးရင် ပြည်သူများ အတွက် ပိုမိုအဆင်ပြေမယ်ထင်ပါတယ်။ စီမံချက်ရဲ့အချိန်ကာလ ကိုတော့ သတ်မှတ်ပေးမထားပါဘူး။ ဒါပေမယ့် ယခု မကွေးမြို့နယ် တစ်ခုလုံးကို ခြောက်လ အတွင်း အပြီးဆောင်ရွက်ဖို့ စီစဉ်ထားပါတယ် ဟု မကွေး ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ ဒု -ညွန်ကြားရေးမှူး ဦးဝင်းမြင့် က ဒေသခံပြည်သူများအား ရှင်းလင်း ဆွေးနွေးပြောကြား ရာမှ သိရှိရသည်။

MOI Webportal Myanmar