ဆေးကုပေးဖို့ ငြင်းတဲ့ဆရာဝန်ကို ဓားနဲ့ အချက်ပေါင်းများစွာထိုးသတ်

ပို့စ်တင်ချိန် - 1/30/2014 10:30:00 PM




တရုတ် နိုင်ငံ၊ Zhejiang ဒေသ မှာရှိ တဲ့နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံ တွေမှာ ဆေးကုသ ပေးဖို့ ငြင်း ဆိုခဲ့တဲ့ ဆရာဝန် ကိုဓားနဲ့ ထိုးသတ်ခဲ့ သူကို သေဒဏ် ချမှတ်လိုက် ကြောင်း သိရပါ တယ်။အသက် (၃၃) နှစ်အရွယ်ရှိလီအန်ဟာ၂၀၁၂ခုနှစ်မတ်လမှာအသက်ရှုပိုင်းဆိုင်ရာ ဝေဒနာကြောင့်နှာခေါင်းကို
ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်လီအန်ဟာသူ့ရဲ့နှာခေါင်းနဲ့ပတ်သက်ပြီးစိတ် ဝေဒနာတစ်ခုကို
ခံစားနေရပြီးသက်သာ ပျောက်ကင်းခြင်းမရှိဘူးလို့ယူဆထားပါတယ်။ဒါကြောင့်လီအန်ဟာ ဆေးရုံကိုသွားပြီး
ဆေးကုသမှုခံယူဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့်ဆရာဝန်တွေကလီအန်အနေနဲ့ ဆေးကုသမှုခံယူဖို့
မလိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါကိုလီအန်ကလက်မခံဘဲသူ့ကို ဆေးကုသမှုပေးဖို့ငြင်းဆိုခဲ့တဲ့
ဆရာဝန်ကိုအခန်းတွင်းဝင်ရောက်ပြီးဓားနဲ့ထိုးသတ်ခဲ့ ခြင်းဖြစ်ပါတယ်။

အသတ်ခံရတဲ့ဆရာဝန်ဟာလီအန်ရဲ့နှာခေါင်းကိုခွဲစိတ်ကုသမှုပြုလုပ်ပေးတဲ့သူမဟုတ်ပါဘူး။
လီအန်ဟာအသက်(၄၆) နှစ်အရွယ်ရှိဆရာဝန်ဝမ်ကိုဓားနဲ့အချက်ပေါင်းများစွာထိုးခဲ့တဲ့အပြင်ဦးခေါင်းကို
လည်းတူနဲ့ထုရိုက်မှုပြုလုပ်ခဲ့ပါတယ်။လီအန်ကိုဝင်ရောက်ဆွဲခဲ့တဲ့ဆရာဝန်နှစ်ဦးလည်းဒဏ်ရာတွေအသီးသီး
ရခဲ့ပါတယ်။

လီအန်ရဲ့အစ်မဖြစ်သူကသူ့ရဲ့မောင်ဟာနှာ ခေါင်းဝေဒနာကြောင့်စိတ်ရောဂါစွဲကပ်နေ ကြောင်း
စိတ်ရောဂါကုဆေးရုံမှာလည်း ဆေးကုသမှုခံယူခဲ့ဖူးကြောင်း ပြောပြထားခဲ့ပါတယ်။ဒါပေမဲ့လီအန်ကို
စစ်ဆေးတဲ့အခါစိတ် ဝေဒနာမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။ဒါ ကြောင့်လီအန်ဟာ
သေဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ပါတယ်။အခြားဓားနဲ့ထိုးခံရတဲ့ဆရာဝန်နှစ်ဦးရဲ့
ကျန်းမာရေးအခြေအနေကစိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ဒီဖြစ်ရပ်ပေါ် ပေါက်လာပြီးတဲ့နောက်မှာ
ဆေးရုံတွေမှာဆရာဝန်တွေရဲ့လုံခြုံရေးကိုတင်းကျပ်စွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေရှိလာတယ်
လို့သိရပါတယ်။

Myawady News