iPhone 6 တွင် ၄.၈ လက်မ display ပါဝင်မည်ဟုဆို

ပို့စ်တင်ချိန် - 1/30/2014 03:24:00 PM


iPhone တွင် ၄.၈ လက်မအရွယ် display ပါဝင်လာမည်ဖြစ်ကြောင်း၊ အဆိုပါ display အရွယ်ကို အတည်ပြု သတ်မှတ်ထားပြီ ဖြစ်ကြောင်း Cowen and Com pany မှလေ့လာဆန်းစစ်သူ Tim othy Arcuri ၏ပြောကြားချက်ကို AppleInsider မှဖော်ပြချက်အရ သိရသည်။

ထို့အပြင် iPhone 6 တွင်အလွန်လျင်မြန်သည့် 802.11ac Wi-Fi ဆက်သွယ်မှုစနစ် ပါဝင်လာမည်ဟုဆိုသည်။

အသစ်ဖြန့်ချိမည့် iOS plat form ကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီး iBeacon, Touch ID နှင့် Passbook တို့ကိုပြောင်းလဲထားကာ မိုဘိုင်းငွေပေးချေမှုစနစ်ကို အာရုံစိုက်ထားကြောင်း Arcuri ကပြောကြားခဲ့သည်။

ထို့အပြင် iPhone 6 ကိုဇွန်လတွင် ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းပြောကြားခဲ့သူ တရုတ်အခြေစိုက် လေ့လာဆန်းစစ်သူ တစ်ဦးကလည်း ၄.၇ လက်မ display သည် iPhone 6 အတွက်ဖြစ်နိုင်သည့် display အရွယ်အစားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။ သို့သော် resolution ကိုမူပြောကြားခဲ့ခြင်း မရှိပေ။

Apple သည် iPhone 6 ကို ထုတ်လုပ်ရာတွင် ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်ဖွယ်ရှိပြီး ပထမဦးဆုံးအနေဖြင့် ၄.၈ လက်မအမျိုးအစားကို ထုတ်လုပ်မည်ဖြစ်ကာ နောက်ပိုင်းတွင် ၅.၅ လက်မ အမျိုးအစားကို ထုတ်လုပ်ဖွယ်ရှိကြောင်း အဆိုပါတရုတ် လေ့လာဆန်းစစ်သူက ဆိုခဲ့သည်။

-နောင်နောင်၊
Ref: BBC
Internet Journal