ဖြိုးငွေစိုးနဲ့ ဇင်ဇင် ဧပြီ ၁ ရက်နေ့မှာ မင်္ဂလာပွဲဆင်နွှဲမယ်

ပို့စ်တင်ချိန် - 3/10/2014 02:00:00 PM


၂ဝ၁၄ခုနှစ်ရဲ့ နှစ်စပိုင်းကစလို့ နာမည်ကျော်အနုပညာရှင်တွေ ရဲ့ မင်္ဂလာပွဲတွေ ဆက် တိုက်ဆင်နွှဲခဲ့ကြပါတယ်။ သရုပ်ဆောင်ဖြိုးငွေစိုးကလည်း သူ့ရဲ့ချစ်သူမော်ဒယ်ဇင်ဇင်နဲ့ ဧပြီ လ ၁ ရက်(April Fool)နေ့မှာ မင်္ဂလာပွဲဆင်နွှဲတော့ မှာဖြစ်ကြောင်းသိရပါတယ်။ ဧပြီ ၁ရက် နေ့မနက်ပိုင်းမှာ နှစ် ဖက်မိဘတွေနဲ့ မင်္ဂလာလက်မှတ်ရေးထိုး ပွဲ ပြုလုပ်မှာဖြစ်ပြီး ညပိုင်း မှာတော့ မင်္ဂလာညစာစားပွဲကို မြရိပ်ညိုမှာ ပြု လုပ်မှာဖြစ်ပါတယ်။ April Fool နေ့မှာ မင်္ဂလာပွဲကျင်းပဖြစ်ပုံကို ဖြိုးငွေစိုးက “ဧပြီ ၄ရက်နေ့မှာ ခရီးသွားရမှာတစ်လ လောက်ကြာမယ်။ နောက်ပိုင်းက အလုပ်တွေများတော့မယ်။ ပြီးတော့ နဂိုက တည်းကရူးပြီးသားဆိုတော့ အဲဒီနေ့မှာဆောင်ရင် ပြန်ကောင်းသွားလိမ့်မယ်” လို့ ရယ်ရင်း ပြောပြပါ တယ်။ ချစ်သူသက်တမ်း ၆နှစ်ရှိပြီဖြစ်ကာ မင်္ဂလာပွဲ ကြို တင်စိတ်ကူးထားမှုနဲ့ပတ်သက်ပြီးလည်း ဖြိုးငွေစိုးက “သူများတွေကိုလည်း အား ကျတာပေါ့။

၂ဝ၁၄မှဆောင်မယ်လို့တမင်ရည်ရွယ်ထားတာတော့မရှိပါဘူး။ ကျွန်တော်ကစိတ်ကူးပေါက်ရင် ထလုပ်တာပဲလေ။ ငါတို့နှစ်ယောက်လည်း မင်္ဂ လာဆောင်ကြမယ်ဆိုပြီးဆောင်ကြတာ။ကျွန်တော်တို့ နှစ်ယောက်က လည်း အမြဲတမ်းအတူတူရှိနေကြတယ်။ လူကြီးတွေက မိန်းကလေးဘက်ကို စဉ်း စားပေးတာလည်းပါတယ်။ အချိန်သိပ်အကြာကြီးတွဲတာ မကောင်း ဘူးလေ။ အခုဆိုရင် ကျွန် တော်တို့ချစ်သူသက်တမ်းက ၆ နှစ် ရှိပြီ။ ကျွန်တော်တို့နှစ်ယောက် မင်္ဂလာဆောင်မယ်ဆိုတော့ အားလုံးက ဝမ်းသာပေးကြတယ်။ အားပေးကြတယ်။ မြှောက်ပေးကြ တယ်။ကျွန်တော့် အသက် အရွယ်နဲ့ကျတော့ အိမ်ထောင်ပြုဖို့က နောက် တောင်ကျနေပါပြီ” လို့ ပြောပါတယ်။အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာ အလုပ် တွေကိုကြိုးစား လုပ်ဆောင်သွားမှာဖြစ်ကြောင်းဖြိုးငွေစိုး ကပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal