စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် မြေသြဇာလုပ်ငန်းလုပ်ကိုင် သူများသိရှိစေရန် အသိပေးကြေညာချက်

ပို့စ်တင်ချိန် - 3/10/2014 10:05:00 AM


မြေဩဇာကော်မတီသည် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေဩဇာများကို စိုက်ပျိုးရေး လုပ်ကိုင်သူများ သုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး မြေဩဇာ မှတ်ပုံတင် လက်မှတ်များ ထုတ်ပေးလျက် ရှိပါသည်။
-ယခုအခါတွင် ဈေးကွက်အတွင်း မြေဩဇာ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်မရှိဘဲ ဖြန့်ဖြူးရောင်းချနေသူများ၊ မြေဩဇာမှတ်ပုံတင် လက်မှတ်မရှိသော မြေဩဇာများကို ရောင်းဝယ်မှုများရှိနေကြောင်း သိရှိရပါသည်။

- အောက်ဖော်ပြပါ မြေဩဇာများမှာ မြေဩဇာ ကော်မတီတွင် မှတ်ပုံတင်ထားခြင်း မရှိသဖြင့် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီမှု အာမခံချက် မရှိကြောင်း အသိပေးအပ်ပါသည်။

- ယင်းမြေဩဇာများကို ဝယ်ယူသုံးစွဲမိသူများမှာ သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများ အတွက် စီးပွားရေး တွက်ခြေမကိုက်ဘဲ ဆုံးရှုံး နစ်နာမှုများ ဖြစ်နိုင်သဖြင့် မြေဩဇာကော်မတီတွင် မှတ်ပုံတင် ထားသော မြေဩဇာများကိုသာ ဝယ်ယူသုံးစွဲရန် တိုက်တွန်းအပ်ပါသည်။

- မြေဩဇာထုတ်လုပ်၊ တင်သွင်းသည့် ကုမ္ပဏီလုပ်ငန်းများ၊ မြေဩဇာရောင်းချသည့် အရောင်းဆိုင်များသည် မြေဩဇာ ကော်မတီတွင် မှတ်ပုံတင် သွင်းထားခြင်းမရှိသော မြေဩဇာများကိုထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြေဩဇာဥပဒေပုဒ်မ (၃၁၊ ၃၂၊ ၃၃၊ ၃၄၊ ၃၅) တို့အရ အရေးယူမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
မြေဩဇာကော်မတီ

MOI Webportal